Tuesday, September 30, 2014

နွားထိုးကြီးပြည်ခိုင်ဖြိုး ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွား သင်တန်း အမှတ်စဉ်(၂) ဖွင့်လှစ်
**********************************************************
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူးဖွင့်လှစ်သော ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲကို ယခုလ ၂၇ ရက် နံနက် ၉ နာရီက မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင်၊ မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမျိုးမြင့် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကော်မတီဝင် ဦးခင်မောင်သန်းက သင်တန်း စည်းကမ်းများကို ရှင်းလင်းဖတ်ကြား တင်ပြသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမျိုးမြင့်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးသန့်ဆွေ၊ မြင်းခြံခရိုင် ပါတီအတွင်းရေးမှူး ဦးတင်အောင်ညွှန့်၊ ခရိုင်ကော်မတီ ဝင်များဖြစ်သော ဦးမျိုးကျော်ဇင်၊ ဦးကျော်စန်းဦး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုးနိုင်ဝင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးရှိ စည်းရုံးရေးအဖွဲ့ဝင်များ၊ သင်တန်းသား သင်တန်းသူ ၅၀ တို့ တက်ရောက်ကြသည်။
နွားထိုးကြီးမြို့နယ် ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၂)ကို ငါးရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းနောက်ဆုံးရက်တွင် ပဲချက်ကျေးရွာအုပ်စုသို့ ပြည်သူလူထု၏ လိုအပ်ချက်များကို သိရှိနိုင်ရန် ကွင်းဆင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top