ရမည်းသင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် ခရိုင်/မြို့နယ် ပါတီ ကော်မတီဝင်များ မူလတန်းကျောင်းဆောင်သစ် ဖွင့်ပွဲသို့ တက်ရောက်
************************************************************
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ ကုလားမျောကျေးရွာအုပ်စု၊ ကုလားမျောကျေရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ယခုလ ၂၆ ရက် နံနက် ၁၀ နာရီက ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်း အနားကို ယင်းကျောင်း ကျောင်းဆောင်သစ်တွင် ပြုလုပ်ရာ မင်္ဂလာအချိန်တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်အတွင်းရေးမှူး ဦးဇော်ဝင်း၊ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးကြိုင်နှင့် ဆောက်လုပ်ရေးတာဝန်ခံတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်အတွင်းရေးမှူး ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြား၍ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးကြိုင်က ပညာရေးဆိုင်ရာ ရည်မှန်း ဆောင်ရွက်ချက်များကို ပြောကြားကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အုပ်စုစည်းရုံးရေးမှူး ဦးစိုးမောင်က တက္ကသိုလ်ဝင် စာမေးပွဲတွင် သုံးဘာသာဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသူတစ်ဦးအား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပြီး ကျောင်း အကျိုးဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယခုဖွင့်လှစ်သော ကျောင်းဆောင်သစ်ကြီးမှာ အလျားပေ ၉၀၊ အနံပေ ၃၀ အုတ်ညှပ် တစ်ထပ် ကျောင်းဆောင်ကြီးဖြစ်သည်။
အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် အတွင်းရေးမှူးနှင့် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ လက်ထောက်မြို့နယ် ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ ဧည့်သည်တော်များ၊ မြို့နယ်အထောက်အကူပြုအဖွဲ့၊ ရပ်ကျေးအုပ်စု အုပ်ချုပ်ရေး အထောက်အကူပြုအဖွဲ့၊ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးစည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖ များ၊ ကျောင်း အကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းနှင့် ကျောင်းသူကျောင်းသားများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment