Wednesday, October 1, 2014

တရုတ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ မာရင်စီလစ် အနိုင်ရ



ပေကျင်းမြို့မှာ တနင်္လာနေ့က ကျင်းပတဲ့ တရုတ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ယူအက်စ်အိုးပင်း ချန်ပီယံ မာရင်စီလစ်က ပွဲဦးထွက် နိုင်ပွဲ ရသွားပါတယ်။

အမျိုးသားတစ်ဦးချင်း ပထမအဆင့်မှာ ဆီဒင်အဆင့်(၄) ခရိုအေးရှားတင်းနစ်သမား မာရင်စီလစ်က ကမ္ဘာ့အဆင့်(၄၆၄)ရှိ တရုတ်တင်းနစ်သမား ပိုင်ယင်းကို (၆း၃၊၆း၎)နဲ့ အနိုင်ရတာ ဖြစ်ပါတယ်။ နောက်တစ်ပွဲမှာတော့ ဆားဘီးယား တင်းနစ်သမား ထရော့စကီးက ရုရှား တင်းနစ်သမား ယော့ဇနီကို (၆း၃၊၆း၎)နဲ့ နိုင်ပါတယ်။ ကနေဒါတင်းနစ်သမား ပေါ့စ်ပီဆီလ်ကတော့ ချက် တင်းနစ်သမား လူးကပ်ရိုဆိုလ်ကို (၆း၎၊၆း၃)နဲ့ အနိုင်ရပြီး ဒုတိယအဆင့် တက်ရောက် သွားပါတယ်။

No comments:

Post a Comment

back to top