Wednesday, October 1, 2014

အိန္ဒိယ၀န်ကြီးချုပ် နရင်ဒရာမိုဒီနှင့် အမေရိကန်သမ္မတ ဘားရ တ်အိုဘားမား အိမ်ဖြူတော်၌တွေ့ဆုံ


အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ အိန္ဒိယ၀န်ကြီးချုပ် နရင်ဒရာမိုဒီဟာ အမေရိကန်သမ္မတ ဘားရတ် အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့သည်ဟု သိရှိရသည်။ စက်တင်ဘာလ (၃၀) ရက်နေ့မှာ ပြုလုပ်မယ့် တရားဝင် ဆွေးနွေးပွဲတွေ အကြိုအဖြစ် အခုလို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းကလည်း မစ္စတာမိုဒီဟာ အိန္ဒိယနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြရေး သိမ်းသွင်း စည်းရုံးဖို့ အတွက် နယူးယော့ခ်ရှိ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီတွေက CEOတွေနဲ့ တွေ့ဆုံခဲ့သည်။

 လွတ်လပ်ပြီး ရွေးချယ်ခွင့်ရှိတဲ့ စီးပွါးရေးကိုရရှိဖို့ သူလုပ်ဆောင် ခဲ့ကြောင်းကိုလည်း အခိုင်အမာ ပြောကြားခဲ့ပါသည်။ သူထိန်းချုပ်တဲ့ ပြည်နယ်မှာ ဘာသာရေးနဲ့ ပတ်သက်ပြီး ကိုင်တွယ်မှု ညံ့ဖျင်းတဲ့အတွက် မစ္စတာမိုဒီအပေါ် တားမြစ်ထားခဲ့တဲ့ ဗီဇာပိတ်ပင်မှုကို အမေရိကန် နိုင်ငံက ဖယ်ရှားပေးပြီးတဲ့နောက် ဒီခရီးစဉ်ဟာ မစ္စတာမိုဒီရဲ့ ၀န်ကြီးချုပ်အဖြစ် ပထမဆုံး ခရီးစဉ်ဖြစ်သည်။ ဂူဂျာရတ် ပြည်နယ်ရဲ့ အရေးပါဆုံး ၀န်ကြီးဟောင်း တစ်ဦးဖြစ်သူ မိုဒီဟာ မွတ်စလင် ဘာသာဝင် အများစုပါဝင်တဲ့ လူပေါင်း (၁၀၀၀)ကျော် သေဆုံးခဲ့ရတဲ့ (၂၀၀၂)ခုနှစ် ဆူပူအုံကြွမှု အတွင်း မမှန်ကန်တဲ့ လုပ်ရပ်တွေ ပြုလုပ်ခဲ့သည်ကိုလည်း အမြဲငြင်းဆန်ခဲ့သည်။ ဒီခရီးစဉ်မှာတော့ မစ္စတာ မိုဒီဟာ သမ္မတ အိုဘားမားအပြင် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်နဲ့ တခြား ထိပ်တန်း အမေရိကန် အရာရှိတွေနဲ့ အိမ်ဖြူတော် ညစာစားပွဲအတွင်း တွေ့ဆုံသွားမယ်လို့ ယူဆရကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြပါရှိသည်။

No comments:

Post a Comment

back to top