Tuesday, September 30, 2014

၂၀၁၄-၂၀၁၅ ပညာသင်နှစ် BBM, BA (EPP), BA (Tourism) နှင့် B.A (Journalism) ပထမနှစ် သင်တန်း များ အတွက် လျှောက်လွှာ ခေါ်ယူမည်

အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်တွင် Bachelor of Business Management (BBM)၊ Bachelor of Arts (English for Professional Purposes) BA(EPP)၊ Bachelor of Arts (Tourism)၊ Bachelor of Journalism BA(Journalism) ဘွဲ့သင်တန်းများကို အချိန်ပြည့် သင်တန်း အဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဘွဲ့သင်တန်းများကို ဒီဇင်ဘာလ ပထမပတ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး လျှောက်လွှာလက်ခံ မည့်ရက်မှာ စက်တင်ဘာလ ၂၉ ရက်မှ အောက်တို ဘာလ ၁၅ ရက်အထိဖြစ်သည်။ ဝင်ခွင့်ရရှိသူများ စာရင်းကို နိုဝင် ဘာလ ၁၉ ရက်တွင် ကြေညာပေးရန်လျာထားကြောင်း သိရသည်။
အဆိုပါဘွဲ့ သင်တန်းများအတွက်၂၀၁၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူများသာ လျှောက်ထား နိုင်ပြီး BBM နှင့် BA(EPP) အတွက် စုစုပေါင်း အမှတ် ၄၄၀ နှင့်အထက်၊ BA(Tourism) အတွက် အောက်မြန် မာပြည် စာစစ်ဌာနမှ ဖြေဆိုအောင်မြင်သူများသာ လျှောက်ထားနိုင်ပြီး အင်္ဂလိပ်ဘာသာရပ်တွင် အနည်းဆုံး အမှတ် ၆၀ ရရှိကာ စုစုပေါင်း အမှတ် ၄၀၀ နှင့်အထက် ရရှိသူများ၊ BA (Journalism) အတွက် စုစုပေါင်းအမှတ် ၄၀၀ နှင့်အထက် ရရှိသူများ လျှောက်ထား နိုင်မည်ဖြစ်သည်။
လျှောက်ထားသူသည် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ရရှိသော ရမှတ်စာရင်း၊ လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ အကျင့် စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာရဲစခန်းနှင့် ကျေးရွာ/ ရပ်ကွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ထောက်ခံချက်များ (မူရင်း)၊ လိုင်စင်ဓာတ်ပုံ၂ ပုံတို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။
ဝင်ခွင့်ရရှိသူများစာရင်းကို အဆင့်မြင့်ပညာဦးစီးဌာန အောက်မြန်မာပြည် သထုံလမ်းနှင့် အမျိုးသား စီမံခန့်ခွဲမှု ကောလိပ်တွင် ကြေညာ ထားမည်ဖြစ်သည်။ ဝင်ခွင့်ရရှိသူများစာရင်းကို ကျောင်းလာ ရောက်အပ်နှံသည့် အခါ ကျောင်းသားနှင့် မိဘနှစ်ပါးစလုံး၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းများကို မပျက်မကွက်ယူ ဆောင်လာ ရမည်ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက အမျိုးသားစီမံခန့်ခွဲမှုကောလိပ်၊ ဖုန်း-၂၉၂၅၆၆၊ ၂၉၉၀၈၈ လိုင်းခွဲ ၂၁၅၊ ၂၀၈၊ ၂၀၀၆၃၉ သို့ ဆက်သွယ် မေးမြန်းနိုင် သည်။

No comments:

Post a Comment

back to top