ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်းသား/သူများ ကွင်းဆင်းဆောင်ရွက်
**********************************************************
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူး ဖွင့်လှစ်သော ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၄/၂၀၁၄) သင်တန်းကို အမှတ်(၂၅) ရပ်ကွက် စည်ပင်လမ်းရှိ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ရုံးခန်းမ၌ ယခုလ ၂၇ ရက် နံနက် ၉ နာရီတွင် ကျင်းပခဲ့ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း အင်အား ၈၀ ဖြင့် Door to Door ကွင်းဆင်းလုပ်ဆောင်ခဲ့သည်။
ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်းသား/သူများ ကွင်းဆင်းဆောင်ရွက်စဉ်
ထိုသို့ ကွင်းဆင်းရာတွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးဝဏ္ဏမျိုး၊ ဒဂုံ(တောင်) ပါတီ အတွင်ရေးမှူး ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များ၊ အမှတ်(၆၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment