ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား The Innovative Community Research and Education Center မှ ကြီးမှူးဖွင့် လှစ်သော နိုင်ငံရေးခေါင်းဆောင်မှု သင်တန်းသားများ လာရောက်တွေ့ဆုံ
******************************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား The Innovative Community Research and Education Center မှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးခေါင်းဆောင်မှု အစီအစဉ်သင်တန်း အမှတ်စဉ်(၈)မှ ဥက္ကဋ္ဌ ဦးမျိုးဇော်အောင် ဦးစီးသော သင်တန်းတာဝန်ခံများ အပါအ၀င် သင်တန်းသား များသည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး အစည်းအဝေး ခန်းမသို့ လာရောက် တွေ့ဆုံသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား The Innovative Community Research and Education Center မှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးခေါင်းဆောင်မှု သင်တန်းသားများ လာရောက်တွေ့ဆုံစဉ်
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား The Innovative Community Research and Education Center မှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးခေါင်းဆောင်မှု သင်တန်းသားများ လာရောက်တွေ့ဆုံစဉ်
တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် အတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး သင်တန်း ဥက္ကဋ္ဌ ဦးမျိုးဇော်အောင်အား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်စဉ်
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက လက်ရှိ ကျင့်သုံးနေသော ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းလာစေရန် နိုင်ငံတော်အစိုးရ၊ ပါတီများနှင့် ပြည်သူ များ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အခြေအနေများ၊ လူငယ်တွေသည် နောင် အနာဂတ် နိုင်ငံတော်အတွက် ပခုံးလွှဲပြောင်း တာဝန်ယူနိုင်မည့်သူများ ဖြစ်သည့်အတွက် အဆက် မပြတ်လေ့လာပြီး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် ကျရာအခန်းကဏ္ဍမှ တာဝန်ယူကြ ရန်၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း အတိုင်း နိုင်ငံတော်အစိုးရ၊ လွှတ်တော်နှင့် ပြည်သူအားလုံး စည်းလုံးညီညွတ်စွာဖြင့် ၀ိုင်းဝန်း ပါဝင် ဆောင်ရွက်ကြရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားပြီး၊ သင်တန်းသား များမှ သိလိုသည်များကို မေးမြန်းရာ ပြန်လည်ရှင်းလင်း ဖြေကြားသည်။
အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးစဉ်
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက သင်တန်း ဥက္ကဋ္ဌ ဦးမျိုးဇော်အောင်အား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ပြီး၊ အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကြောင်း သတင်းရရှိသည်။
No comments:
Post a Comment