လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ပူဇော်ပွဲကျင်းပ
**************************************************
လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်နှင့် ရပ်ကွက်ပါတီ ကော်မတီဝင် များ ပူပေါင်းပြီး ဒုတိယအကြိမ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းက လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းစဉ်
နံနက် ၅ နာရီတွင် ဆရာတော်ကြီး ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော မြို့နယ် သံဃနာယကအဖွဲ့နှင့် ပင့်သံဃာ ဆရာတော်ကြီး ကိုးပါးတို့အား မြို့နယ်ပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရပ်ကွက် ပါတီ ကော်မတီများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ ဝတ္ထငွေများ ဆက်ကပ် လှူဒါန်းကြပြီး ပရိသတ်များက ရေစက်ချ အနုမောဒနာတရား နာယူကြပြီးနောက် ဆရာတော်ကြီးများအား အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ပရိသတ်များအား နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဧည့်ခံကျွေးမွေးရာ မြို့နယ် ပါတီကော်မတီ၊ ရပ်ကွက်ပါတီ ကော်မတီခေါင်းဆောင်များနှင့် ကော်မတီဝင်များ၊ ပါတီဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်နှင့် ရပ်ကွက်များမှ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး အထောက်အကူပြု အဖွဲ့များ၊ ရပ်မိရပ်ဖ များနှင့် အထူးဖိတ်ကြားထားသော တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ပါတီကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ အခြားဧည့်သည်တော်များ စုစုပေါင်း အင်အား ၃၀၀ ခန့် ကြွရောက် အားပေးခဲ့ကြ ကြောင်းသိရသည်။
No comments:
Post a Comment