ပရိသတ်ရှေ့ရောက်လာတော့မယ့် ဘန်နီဖြိုးနဲ့ ကိကိတို့ရဲ့ DUO
ကိကိနှင့် နှစ်ဦးစီစဉ် နေသော Duo တေးစီးရီးကို အောက်တိုဘာ ဒုတိယပတ်အ တွင်း၌ စတင်ဖြန့်ချိပေးမည်ဖြစ် ကြောင်း ဘန်နီဖြိုးက ပြောသည်။ ‘‘ချစ်တယ်ဟုတ်၊ လူပျို လှည့်တေးထဲမှာပါတဲ့ သီချင်းတွေ နဲ့ မတူတဲ့ ပုံစံတွေ ပါမယ်။ နောက် ပြီး ကိကိနဲ့ကျွန်တော်နဲ့အရင်တုန်း က လုပ်ထားခဲ့တဲ့ ခုချိန်ထိ ခံစား လို့ရနေတဲ့ သီချင်းအဟောင်းတွေ ပါမယ်။ သီချင်းအဟောင်းဆိုပေ မယ့် ပရိသတ်တွေ နားမထောင်ရ သေးတဲ့ သီချင်းတွေပါ’’ ဟု ဘန် နီဖြိုးက ပြောသည်။
ယင်းအခွေတွင် သီချင်းစုစု ပေါင်း ၁၂ ပုဒ်ပါဝင်မည်ဖြစ်ပြီး ယင်းအခွေတွင်ပါဝင်သည့် သီ ချင်းများကို နှစ်ဦးပေါင်းစဉ်းစားကာ စီစဉ်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ‘‘ဒီအခွေက ကျွန်တော်နဲ့ ကိကိအတွက် အမှတ်တရတွေ ပါပါတယ်။ ကျွန်တော့် ဘ၀မှာ ပထမဆုံးကိကိနဲ့ ဖျော်ဖြေပွဲမှာ စုံတွဲဆိုဖူးတဲ့ မတော်တဆဆိုတဲ့ သီချင်းကို ဒီအခွေမှာ ကိကိတစ် ယောက်တည်း ဆိုထား တယ်။ သီ ချင်းအဟောင်းဆိုတော့ Data ရော၊ သီချင်းရော ဘာမှ မရှိပေ မယ့် အစအဆုံး အသစ်ပြန်လုပ် ထားတယ်’’ ဟု ၎င်းက ပြော သည်။ ယင်းအခွေသည် နှစ်ယောက် တွဲခွေဟု ဆိုခြင်းထက် သူငယ် ချင်းနှစ်ဦး ခင်မင်မှုသက်တမ်း တစ်လျှောက်တွင် တွဲ၍ လုပ်ခဲ့သောမှတ်တိုင်ဟု ပြော၍ရကြောင်း ၎င်းကဆိုသည်။
ယင်းအခွေကို အောက်တို ဘာ ၁၉ ရက်တွင် စတင်ဖြန့်ချိ မည်ဖြစ်ပြီး ယင်းအခွေမထွက်မီ နှစ်ပတ်ခန့်စော၍ ပရိုမိုးရှင်းအစီ အစဉ်များတွင် ခွေထွက်မည့်အ ကြောင်း ကြေညာခဲ့သလိုပင် ဖေ့စ် ဘွတ်ခ်မှတစ်ဆင့် ကြေညာပေး သွားမည်ဟု ဘန်နီဖြိုးက ပြော သည်။ Duo ခွေ ထွက်ရှိမည်ဖြစ် သောကြောင့် ၎င်း၏ တစ်ကိုယ် တော်ခွေ လူပျိုလှည့်တေး အမ် တီဗီကို နိုဝင်ဘာ လကုန်ပိုင်းမှ သာ စတင်ဖြန့်ချိပေးမည်ဟု ၎င်း က ပြောသည်။
No comments:
Post a Comment