ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်
*************************************************
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နာယက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းဟန်၊ ယင်းမာပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးကျော်စွာလှိုင်နှင့် ဦးတင်လှိုင်တို့သည် အောက်တိုဘာ (၁၉) ရက် နေ့လည် (၁) နာရီအချိန်က ရွာသာယာကျေးရွာအုပ်စု ပါတီ ခေါင်းဆောင်အိမ်၌ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ ရွာသာယာကျေးရွာမှ ဆယ်အိမ်မှူးများ၊ တောင်သူ လယ်သမား၊ အလုပ်သမား၊ လူငယ်နှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ပါတီဝင်များ အင်အား (၆၃)ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ လွှတ်တော်အတွေ့အကြုံများ၊ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးများ ပါတီဝင်အင်အား တိုးတက်ရရှိရေးနှင့် (၂ဝ၁၅) အောင်နိုင်ရေးကို ယခုကတည်းက စည်းလုံးညီညွတ်စွာ စီစဉ်ဆောင်ရွက်ထားကြရန်တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ပါတီဝင်များနှင့် ရွာမိရွာဖတို့မှ တင်ပြချက်များအား ပြန်လည် ရှင်းလင်းခဲ့ပြီး အုပ်စုဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို အသေးစိပ် တွက်ချက်မှုဇယားနှင့်တကွ တင်ပြတောင်းခံကြရန် မှာကြားခဲ့ပြီးနောက် ဦးတင်လှိုင်နှင့် ဦးကျော်စွာလှိုင်တို့မှ ပါတီဝင်များ လက်ခံခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ရွာမိရွာဖတို့မှ တင်ပြလာသော တချို့ကိစ္စရပ်များအား လွှတ်တော်သို့တင်ပြ၍ ညှိနှိုင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ညနေ(၄) နာရီ (၃ဝ) မိနစ်အချိန်တွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့သည်။
ထို့နောက် နိုင်ငံတော်မှချထားခွင့်ပြုချက်ဖြင့် ကန်ထရိုက်တာများ ဆောက်လုပ်နေသော အလယ်တန်းကျောင်းခွဲအဆောင်များ ဆောက်လုပ်နေမှုအား လွှတ်တော် ကိုယ်စားလှယ်မှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment