Wednesday, October 22, 2014

ဒုတိယအခွေရဲ့ title ကို ပရိသတ်တွေ ရွေးပေးတဲ့ နာမည်ပဲ ပေးမယ်လို့ဆိုတဲ့ ဇေရဲ


ဇေရဲဆိုရင် သူ့ရဲ့ပထမအခွေRepect ထဲက ice-cream သီချင်းကို လူတိုင်းသိကြမယ်လို့ထင်ပါတယ်။ Icecream သီချင်းနဲ့ ပရိသတ်အားပေးမှု ပိုရခဲ့ပြီးတဲ့ နောက်မှာဒုတိယအခွေကို ပြင်ဆင်နေပြီ လို့သိရ ပါတယ်။ သူ့ရဲ့ဒုတိယအခွေနဲ့ပတ်သက်ပြီး သူပြောပြပေးသွားတာက“ဒုတိယအခွေအတွက်သီချင်းတွေ စုနေပါတယ်။ ၉၀ရာခိုင်နှုန်းလောက်တော့ ပြီးနေပါပြီ။ featuring ဆိုမယ့်တစ်ယောက် နိုင်ငံခြား ရောက်နေတာကြောင့်ပါ။ သူပြန်ရောက်လာရင်တော့အားလုံးပြီး သလောက်ပေါ့။ ပရိသတ်တွေက သီချင်းအေးအေး လေးတွေပိုကြိုက်တယ်လို့ကြားရတယ်။
ရက်ပ်သီချင်းတွေကြီးပဲဆိုမယ်လို့မှန်းထားပေမယ့်လည်းကိုယ့်ရဲ့ပရိသတ်တော်တော်များများက Ice-cream လို၊ Remember Kiss တို့၊ သတိရညနေခင်း သီချင်းတွေလို အေးအေးလေး ပိုလက်ခံတယ်ဆိုတာ သိရပါတယ်။ ဒုတိယအခွေမှာတော့ ပရိသတ်အကြိုက်ကို ကျွန်တော် သိသွားပြီပေါ့နော်။ ပရိသတ်အကြိုက် ပုံစံတော်တော်များများ ကိုတော့ ကျွန်တော် လုပ်ချင်တဲ့ ပုံစံနဲ့ လုပ်သွားမှာပါ။ ထူးခြားမှုတစ်ခုဖြစ်အောင် အပြောင်းအလဲ ဖြစ်အောင်လို့တော့ ဖန်တီးသွားမှာပါ။ အခွေနာမည်က ပရိသတ်အကြိုက် စဉ်းစားစေချင်ပါတယ်။ သူတို့ရွေးပေးတဲ့ အတိုင်းပဲပေးဖို့ စဉ်းစားထားတယ်။
 ဖေ့ဘွတ်မှာ နာမည်တစ်ခု စဉ်းစားမိပြီဆိုရင် ပရိသတ်တွေကို ဒီနာမည်လေးကြိုက်လား ပေါ့။ပရိသတ်နဲ့ ကျွန်တော် အမြဲတမ်းဖလှယ်ဖြစ်ပါတယ်။ ကျွန်တော် ဒီနှစ်ကုန် ထွက်ဖြစ်ရင် ထွက်မယ်။ မဟုတ်ရင်တော့ လာမယ့် နှစ်ဆန်းပိုင်းလောက်တော့ ထွက်ဖြစ်နိုင်အောင် ကြိုးစားသွားမှာပါ။”လို့ သူက ပြောပြသွားပါတယ်။
 ဇေရဲကိုမကြိုက်တဲ့ပရိသတ်နဲ့ကြိုက်တဲ့ပရိတ်တွေရှိတော့အဲ့ဒီအပေါ်ဘယ်လိုသဘောထားမိလဲဆိုတဲ့ မေးခွန်းကိုတော့ သူက “ကျွန်တော့်ကို ကြိုက်တဲ့အားပေးတဲ့ ပရိသတ်တွေကတော့ သူတို့ရဲ့ အားပေး စကားတွေ ကြားရတာပေါ့။ မကြိုက်တဲ့ ပရိသတ်တွေ ဆီကတော့ ဝေဖန်မှုဆိုပြီး ကိုယ့်ရဲ့လိုအပ်ချက်တွေကို သုံးသပ်တယ်။ သူတို့ ဘယ်လိုလက်ခံနိုင်မလဲဆိုတာ ပြန်သုံးသပ်မိပါတယ်”တဲ့။
 ဇေရဲ့ရဲ့သီချင်းစာသားတော်တော်များများမှာ စကားလုံးတစ်လုံးထဲကို ထပ်ခါထပ်ခါသီဆို တာမျိုးက ဇေရဲရဲ့ကိုယ်ပိုင်ဆိုဟန်စတိုင်လ်ဖြစ်အောင် လုပ်ထားတာလားဆိုတာကိုတော့ “အဲဒါက ကိုရီးယားသီချင်းလေးတွေမှာပါတဲ့အတိုင်း လုပ်ကြည့်တာပါ။ အဲဒါ တော်တော်ဝေဖန်ခံရမှုများခဲ့ ပါတယ်။ နောက်ပိုင်းတော့ အဲဒီလိုတွေ ပြန်မသုံးတော့ပါဘူး။ ဒုတိယအခွေမှာ ထူးခြားတဲ့ အရေးအသားလေးတွေနဲ့ ထူးခြားအောင် လုပ်ထားတယ်။ ကိုယ့်အကြိုက်ထက် ပရိသတ် အကြိုက်ဦးစားပေးပြီး လုပ်ထားပါတယ်”လို့ သူက ဆိုပါတယ်။

No comments:

Post a Comment

back to top