Wednesday, October 1, 2014

အောက်တိုဘာလတွင် တရုတ်နိုင်ငံ၌ iPhone အသစ်များ Apple စတင် ရောင်းချမည်
Apple Inc သည် အသုံးပြုသူလုံခြုံရေးနှင့် တကိုယ်ရည်လွပ်လပ်ခွင့်များ တိုးတက်စေရန် သဘော တူညီမှုဖြင့် ၄င်း၏ iPhone6 နှင့် iPhone6 Plus ဖုန်းသစ်နှစ်မျိုးကို လာမည့်လထဲတွင် တရုတ် နိုင်ငံ၌ ရောင်းချသွား မည်ဖြစ် ကြောင်းသိရသည်။

တရုတ်နိုင်ငံ စက်မှုနှင့် သတင်းနည်းပညာဝန်ကြီးဌာနမှ ကွန်ယက်အသုံးပြုခွင့်ရရှိရန် နောက်ဆုံးအဆင့် သဘောတူညီမှု ရရှိပြီး နောက် လက်ကိုင်ဖုန်းသစ်များအား အောက်တိုဘာလ (၁၇) ရက်နေ့တွင်ရောင်းချ သွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှ ပြောကြား ခဲ့သည်။
ကြိုတင်ကုန်အမှာစာများကို အောက်တိုဘာလ (၁၀) ရက်နေ့တွင်လက်ခံမည်ဖြစ်ပြီး နိုင်ငံပိုင် ဖုန်းအော်ပရေတာ (၃) ခုမှတဆင့် ၀ယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း Apple မှ ပြောကြားခဲ့သည်ဟု သိရသည်။

No comments:

Post a Comment

back to top