T-ara အဖွဲ့ လုန်ကျန်းယဉ်ကျေးမှု ဆိုင်ရာ ဖွံ့ ဖြိုးရေး အေဂျင်စီနှင့် စာချုပ်ချုပ်ဆို
တောင်ကိုရီးယား နိုင်ငံမှ နာမည်ကြီး အဆိုအဖွဲ့ဖြစ်သော T-ara အဖွဲ့သည် တရုတ်နိုင်ငံ၏ ဂီတ လောကကို ထိုးဖောက် နိုင်ရန်အတွက် တရုတ် နိုင်ငံရှိလုန်ကျန်း ယဉ်ကျေးမှု ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီနှင့် စာချုပ်ချုပ်ဆို၍ ဂီတ လုပ်ငန်းများ လက်တွဲ လုပ်ကိုင်ရန် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။
T-ara အဆိုအဖွဲ့သည် ယခုလ အစောပိုင်းက အဆိုပါ အေဂျင်စီနှင့် အမေရိကန် ဒေါ်လာ ၄ ဒသမ ၈ သန်း တန်ဖိုးရှိ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး လက်မှတ် ရေးထိုးပွဲသို့ ၄င်းအေဂျင်စီနှင့် T-ara အဖွဲ့၏ အေဂျင်စီတို့မှ အမှုဆောင် အရာရှိချုပ်များ အပြင် T-ara အဖွဲ့ဝင် အားလုံး စုံညီစွာ တက်ရောက်ကြသည်။
လုန်ကျန်း ယဉ်ကျေးမှု ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီသည် နာမည်ကြီး အဆိုတော်များ ဖြစ်ကြသည့် အန်ဒီလောင်၊ ဂျက်ကီချောင်၊ အေမေတို့၏ ဂီတ ဖျော်ဖြေပွဲများကို စီစဉ်ပေးသည့် အေဂျင်စီ ဖြစ်သည်။
T-ara အဆိုအဖွဲ့နှင့် ယခုကဲ့သို့ လက်တွဲခဲ့ခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့၏ ယဉ်ကျေးမှု ဖလှယ်ပွဲကို စတင် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ယင်းအေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်များ ချစ်ခင် အားပေးကြသည့်T-ara အဖွဲ့၏ အနုပညာ လှုပ်ရှားမှု များကို မကြာမီ အချိန်အတွင်း တရုတ်ရုပ်သံ၊ ဖျော်ဖြေပွဲများ၊ ကြော်ငြာများနှင့် ရုပ်သံ ဇာတ်လမ်း တွဲများတွင် တွေ့မြင်ခွင့်ရမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။
No comments:
Post a Comment