ပထမဆုံး ကိုရီးယား ဂီတပွဲတော် မန္တလေး မြို့၌ ကျင်းပမည်
မန္တလေးတိုင်း
ဒေသကြီး ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ရန်ပုံငွေ အဖြစ် မန္တလေးမြို့၌ ပထမဆုံး
အကြိမ် ကျင်းပမည့် K.pop ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၆ ရက်တွင် ၇၈ လမ်း
၃၃x၃၄ လမ်းကြားရှိDiamond Plaza ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုရီးယား ဖျော်ဖြေပွဲကို
တောင်ကိုရီးယား- မြန်မာ ယဉ်ကျေးမှု ဖလှယ်ရေးနှင့် နှစ်နိုင်ငံ ချစ်ကြည်
ရင်းနှီးရေး ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ အခြေစိုက် တောင်ကိုရီးယား
နိုင်ငံ Hambaek International Trading Co.,Ltd. မှစီစဉ်ပြီး
ဖျော်ဖြေပွဲတွင် MIB အမည်ရှိ အမျိုးသား တေးသံရှင် အဖွဲ့နှင့် 4Ten အမည်ရှိ
အမျိုးသမီး တေးသံရှင်အဖွဲ့တို့ လာရောက် ဖျော်ဖြေ ကြမည် ဖြစ်ကြောင်း
သိရသည်။
''K.pop ပွဲကို မန္တလေးမှာ ပထမဆုံး လုပ်မယ်
ဆိုတော့ စိတ်ဝင် စားတယ်။ လက်မှတ် ဈေးနှုန်းက အများ ကြည့်နိုင်မယ့်
ဈေးနှုန်းတော့ ဖြစ်စေချင်တယ်။ ငွေကျပ် သိန်းဂဏန်း လောက်ဆိုရင်
မကြည့်နိုင်ပါဘူး။ ပရိသတ်လည်း များမယ်ထင်တယ်'' ဟု မန္တလေးမြို့မှ ဘဏ်ဝန်ထမ်း
တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၌ ပထမဆုံးသော K.pop ၏
ဖျော်ဖြေပွဲကို ဧပြီ ၃ဝ ရက်က ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ
အားကစားကွင်း၌ ကျင်းပခဲ့ပြီး မန္တလေးမြို့၌ ဒုတိယ အကြိမ်အဖြစ် ကျင်းပ မည်
ဖြစ်ကြောင်း သိရသည်။
လက်မှတ် များကို စက်တင်ဘာ ဒုတိယပတ်မှ
စတင်ရောင်းချ ပေးမည် ဖြစ်ကာ လက်မှတ် ဈေးနှုန်းများမှာ အနိမ့်ဆုံး
ငွေကျပ်သုံးသောင်းမှ လေးသောင်း အထိ သတ်မှတ် ထားပြီး အမြင့်ဆုံး
ဈေးနှုန်းကို ညှိနှိုင်း နေဆဲ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment