Friday, September 19, 2014

PSY ကို ကြွေခဲ့တဲ့ နန်းခင်ဇေယျာ

စင်ကာပူနိုင်ငံသို့ ကေပေါ့ပ်ဖျော်ဖြေပွဲသွားရောက်  ကြည့်ရှုခဲ့သည့် နန်းခင်ဇေယျာသည် ယင်းဖျော်ဖြေပွဲ၏ စတိတ်အပြင်အဆင် အခမ်းအနားများကို သဘောကျပြီး နာမည်ကျော် များ၏ ဖျော်ဖြေမှု ကို ပြင်ပတွင် တွေ့မြင်ခွင့်ရရှိခဲ့၍ ပျော်ရွှင်ခဲ့ရ ကြောင်းပြောသည်။ ‘‘VIP လက်မှတ်ပေမယ့် လည်း တန်းစီပြီးစောင့်ခဲ့ရတယ်။ အရမ်းလည်း  ပျော်ဖို့ကောင်း တယ်။ သူတို့ရဲ့စတိတ်အပြင်အ ဆင်တွေ သူတို့ရဲ့ Management တွေ အရမ်းတော်ပါတယ်’’ဟု နန်းခင်ဇေယျာကပြောသည်။
ယင်းဖျော်ဖြေပွဲတွင် 2 NE1 အဖွဲ့၏ ဖျော်ဖြေမှုကို အကြိုက် ဆုံးဖြစ်ပြီး PSY ၏ ဖျော်ဖြေမှုကို လည်း ကြိုက်ကြောင်း ၎င်းကဆို သည်။ ‘‘PSY ရဲ့ ဖျော်ဖြေမှုက မိုက် တယ်။ သူပြောတဲ့ စကားလုံးတွေ က Short to the Point ဖြစ်ပြီး ပရိသတ်တွေအားလုံးသူ့ဘက်ပါ အောင် ဆွဲဆောင်နိုင်တယ်။ သူ့ကို နန်းခင်သိတာက နှစ်ပုဒ် လောက်ပဲရှိတယ်။ သူကိုယ်တိုင် လည်း ၀န်ခံတယ်။ ပရိသတ်တွေ အားလုံးက အဲဒီနှစ်ပုဒ်ပဲသိ တယ်။ အဲဒါကြောင့် သီချင်းအ သစ်တွေလည်း နားထောင်ပေးပါ ဦးဆိုပြီး ဖျော်ဖြေတယ်။ သူ့ရဲ့ ကကွက်တွေကလည်း အရမ်းမိုက်တယ်’’ဟု နန်းခင်ဇေယျာကပြော သည်။ ယခုရက်ပိုင်းတွင် မော်ဒယ် ရှိုးလျှောက်ရန်နှင့် ပြက္ခဒိန်ဓာတ်ပုံရိုက်ကူးရန် အစီအစဉ်ရှိပြီး စက်တင်ဘာလ ကုန်ပိုင်းမှဇာတ်ကားများပြန်လည်ရိုက်ကူးသွားမည်ဟု၎င်းကပြောသည်။‘‘ဇာတ်ကားတွေကိုဒီလကုန်မှာ ပြန်ရိုက်မယ်။ မင်းသားစွမ်းဇာနည်နဲ့ ရုပ်ရှင်ကားကြီး ကတော့ အောက်တိုဘာလကုန်ပိုင်းမှာ ရိုက်ကူးဖြစ်မယ် ထင်တယ်’’ဟု ၎င်းကပြောသည်။

 

No comments:

Post a Comment

back to top