2015 Met Gala ဖက်ရှင်ပွဲတော်တွင် ဂျနီဖာလောရင့်စ် ပူးတွဲ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည်
အော်စကာဆုရ
မင်းသမီးချော ဂျနီဖာလောရင့်စ်သည် နယူးယောက်စီးတီးမြို့တွင် ကျင်းပမည့် 2015
Met Gala ဝတ်စား ဆင်ယင်မှု ပြသပွဲ အခမ်းအနားတွင်ပူးတွဲ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ဂျနီဖာလောရင့်စ်သည် Met Gala
ဖက်ရှင်ပွဲတော်၌ မင်းသား ဘရတ်လေကူးပါး၊ အော်စကာ ဒီလာရန်တာ၊
ဆာရက်ခ်ျဂျက်ဆီကာပါကာ၊ လိုက်ဇီ၊ ဂျိုနာသန်တစ်ခ်ျ၊ ဘီယွန်းစေး၊
ဂျက်ဖ်ဘီကေ့စ်၊ အန်နာဝင်တော တို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည်
ဖြစ်သည်။
2015 Met Gala ဖွင့်ပွဲ အခမ်းအနားကို
Chinese Whispers: Tales of the East in Art, Film and Fashion
အစီအစဉ်ဖြင့် စတင် ဖွင့်လှစ်သွားမည် ဖြစ်သည်။ ယင်းအခမ်းအနားကို ၂ဝ၁၅ ခုနှစ်
မေ ၇ ရက်မှ သြဂုတ် ၁၆ ရက်အထိ ကျင်းပသွားမည်ဟု သိရသည်။
No comments:
Post a Comment