Monday, September 29, 2014

ဂိုး ၄၀၀ သွင်းနိုင်မည်ဟု စိတ်မကူးခဲ့ကြောင်း မက်ဆီပြော

ဘာစီလိုနာ−အသက်(၂၅)နှစ် အရွယ်မှာပင် လာလီဂါ၌ ဂိုးပေါင်း ၂၀၀ သွင်းနိုင်ခဲ့သည့် ဘာစီလို နာတိုက် စစ်မှူးမက်ဆီသည် ဘာစီလိုနာအသင်းက ဂရန်နာဒါအသင်းကို ခြောက်ဂိုး ဂိုးမရှိ နိုင်ခဲ့သောပွဲတွင် ဂိုး ၄၀၀ ပြည့်နှင့် ၄၀၁ ဂိုး မြောက်ဂိုးများ သွင်းယူနိုင်ခဲ့သည်။ မက်ဆီသည် ဂရန်နာဒါ အသင်းဘက်သို့ နှစ်ဂိုးသွင်းယူ နိုင်ခဲ့ပြီး နှစ်ဂိုးဖန်တီးပေးခဲ့သည်။ ယင်းပွဲတွင် မက်ဆီ၏ အသင်းဖော် ဘရာဇီးလက်ရွေးစင်  နေမာလည်း ဟက်ထရစ် ရရှိခဲ့သည်။ ပွဲပြီးသည့်နောက် မက်ဆီက ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် စုစုပေါင်း သွင်းဂိုး ၄၀၀ ပြည့်မည်ဟု လုံးဝစိတ်မကူးခဲ့ကြောင်းနှင့် ချီးကျူးဂုဏ်ပြုမှု များ အားလုံး အတွက် ကျေးဇူးတင်ကြောင်း ရေးသားဖော်ပြသည်။ 

အာဂျင်တီးနားအသင်းအတွက် ၄၂ ဂိုး၊  ဘာစီလိုနာအသင်း အတွက် ၃၅၈ ဂိုး  စုစုပေါင်း ဂိုး ၄၀၀သွင်းနိုင်ခဲ့သည့်အတွက် အသင်းဖော်များ၊ ပရိသတ်များအား ကျေး ဇူးတင်ကြောင်း နှင့် နောက်ထပ်ဂိုးများစွာ သွင်းနိုင်ရန် ကြိုးစားသွား မည်ဖြစ်ကြောင်း မက်ဆီ (၂၇) နှစ်က ပြောကြားသည်။ ဘာကာနည်းပြ အင်းနရစ်ကမိမိတို့မျိုးဆက်တွင် ဂိုး ၄၀၀ သွင်း နိုင်သော ကစားသမား မရှိကြောင်း၊ သာမန်ကစားသမားများ အတွက် ကျောင်းတွင်၊ လမ်းဘေးတွင် ကစားသော ပွဲများမှ ဂိုးများထည့်ပေါင်းလျှင်ပင် ပြည့်ရန် မလွယ်ကြောင်း ချီးကျူးခဲ့သည်။

No comments:

Post a Comment

back to top