Tuesday, September 16, 2014

ပထမဆုံးအကြိမ် ထူးချွန်ဆရာဆု ရွေးချယ်ချီးမြှင့်ရေး ဆောင်ရွက်မည်


အခြေခံပညာ ဆရာ၊ ဆရာမများ သင်ကြားမှု အရည်အသွေးမြင့်မားစေရန်နှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် အတွက် ပညာတန်ဆောင်နှင့် တော်ဝင်ဖွံ့ဖြိုးမှု ဖောင်ဒေး ရှင်းတို့ ပူးပေါင်း၍ ထူးချွန်ဆရာဆု ရွေးချယ်ချီးမြှင့် ရေး အစီအစဉ်ကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ပထမဆုံးအကြိမ် စတင်ဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဆုချီးမြှင်မှုအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းပြများ အတွက် ရာထူးတစ်ဆင့်လျှင် ပထမ ဆုငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ် သုံးသိန်းနှင့် တတိယဆု ငွေကျပ် နှစ်သိန်းစီ ဂုဏ်ပြုချီးမြှင့်မည်ဖြစ်ပြီး ဗဟိုအဆင့်တွင် ရာထူးတစ်ဆင့်လျှင် ပထမဆု ငွေကျပ်သိန်း ၂၀ နှင့် တတိယ ဆု ငွေကျပ် ၁၀ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း၊ ဗဟိုအဆင့်သို့ လာရောက်ယှဉ်ပြိုင်မည့် ထူးချွန်ဆရာ ၅၄ ဦးအတွက် ကုန်ကျစရိတ်များကို ဗဟိုက ကျခံ မည်ဖြစ်ကြောင်း သိရသည်။
အဆင့်လိုက် ရွေးချယ်မှုအနေဖြင့် ကျောင်းအဆင့်ရွေးချယ်မှုကို အောက်တိုဘာ ၁၄ ရက်တွင် လည်းကောင်း၊ မြို့နယ်အဆင့်ရွေးချယ်မှုကို အောက်တိုဘာ ၃၀ ရက်တွင် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ရွေးချယ်မှုကို နိုဝင်ဘာ ၂၁ ရက် တွင် လည်းကောင်း၊ ဗဟိုအဆင့် ရွေးချယ်မှုကို ဒီဇင်ဘာ ၂၂ ရက်တွင် လည်းကောင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်နယ်အဆင့်တို့တွင် ရေးဖြေ၊ နှုတ်ဖြေ စစ်ဆေးအကဲဖြတ်ခြင်း ၊ဗဟိုအဆင့်တွင် ရေးဖြေ နှုတ်ဖြေအပြင် လက်တွေ့ သင်ကြားပြသမှု ဆန်းစစ်အကဲဖြတ်ခြင်းရှိမည်ဖြစ်ကြောင်း ရေးဖြေကို သတ်မှတ်ရက်တွင် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိနှင့် လူတွေ့နှုတ်ဖြေကို အဆိုပါနေ့ မွန်းလွဲ ၁ နာရီမှ စတင်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top