Tuesday, September 16, 2014

Modern Banking ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပမည်

မြန်မာနိုင်ငံ ကွန်ပျူတာပညာ ရှင်အသင်းမှ ကြီးမှူး၍ Modern Banking  ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ မှ ၄ နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park အခန်း (၂၀၅) တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

ဧရာဝတီဘဏ် (AYA Bank) ၏ Products နှင့် Service များကို အသင်းသူ/အသင်းသားများ သိရှိနားလည် စေရန်ရည်ရွယ်၍ AYA Bank မှ Product Development Assistant Manager ဖြစ်သူ ဦးနေလင်းထွဋ်က ဆွေးနွေးပြောကြား ပေးမည်ဖြစ်ကြောင်း သိရသည်။
ပွဲကျင်းပပြုလုပ်သည့်နေ့တွင် တက်ရောက်လာသူများအား AYA account များကို လက်ဆောင်အဖြစ် ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲသို့ အသင်းသူ၊ အသင်းသားများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့) တက်ရောက် ဆွေးနွေးနိုင်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ဆက်သွယ် စုံစမ်းမေးမြန်း နိုင်မည်ဖြစ်သည်။

No comments:

Post a Comment

back to top