Tuesday, September 23, 2014

ကျွန်မချစ်သူနဲ့ ပုံစံပြောင်းမဲ့ ပိုပို



တစ်နှစ်အတွင်း အအောင်မြင်ဆုံး အမျိုးသမီး အဆိုတော်တစ်ဦး ဖြစ်ခဲ့သည့် ပိုပိုက ဒုတိယ တေးစီးရီးကို ပြုလုပ်နေပြီး  ကျွန်မ ချစ်သူ ဟု ယာယီအမည်ပေးထားကြောင်း၊ ပရိသတ်ဆီကို တဖြည်းဖြည်းချင်းပို့ သွားမည် ဖြစ်ကြောင်း ပြောသည်။

ဒုတိယအခွေက Solo  အရင်ထုတ်မှာပါ။ တဖြည်းဖြည်းချင်း စီပေါ့။ သီချင်း ကောင်းကောင်းလေးတွေ ပေးချင်လို့ နည်းနည်းတော့ ကြာမယ်။ ဒီခွေထဲ မှာလည်း ပိုပိုပဲ ရေးထားတာ။ တခြား တေးရေး ဆရာရေးတာ တစ်ပုဒ်ပဲ ပါမယ်။  ကျန်တဲ့ (၁၃) ပုဒ်က ပိုပိုပဲ ရေးထားတာ။ အခု အခွေ မှာတော့ ပိုပိုပုံစံ ပြောင်းထား ပါတယ်။ အရမ်းကြီး ပြောင်းသွား တာတော့  မဟုတ်ပါဘူး။ ပိုပိုက ကိုယ်တိုင်ရေး၊ ကိုယ်တိုင် ဆိုရတဲ့ အခါကျတော့ ကြာလာရင် အကြောင်းအရာတွေ  ထပ်မှာစိုးတယ်။ ပိုပိုက သီချင်းရေးရင် ကိုယ်က ဘယ်လို စတိုင်မျိုးနဲ့ ရေးမယ် ဆိုတာကို အရင် စိတ်နှစ် လိုက်တယ်။  ပြီးတော့ အကြောင်းအရာနဲ့ ပတ်သက်တာကို စာအုပ်ထဲမှာ ချရေး လိုက်တယ်။  ပြီးရင် Music နဲ့ ပေါင်းပြီး လုပ်လိုက်တယ်။ ဘာလို့လဲဆိုတော့ အကြောင်းအရာ တွေထပ်နေမှာ စိုးလို့ပါ။ အခု ဒုတိယအခွေ မှာတော့ ကွဲပြား သွားတာလေးတွေ ပါတယ်။
ဟာသ စတိုင်လေးတွေ ပါတယ်။ ယောက်ျားလေး တွေရဲ့ ခံစားချက် ရေးထားတာတွေ ပါတယ်။ အဲဒီလိုမျိုး အကြောင်းအရာ တွေရဖို့က ၀မ်းစာ အတွက် နိုင်ငံခြား သီချင်းတွေ အများကြီး နားထောင်ရတဲ့ အပြင် စာတွေလည်း ဖတ်ရတယ်။ ဥပမာ ရုပ်ရှင်ကြည့်ရင်တောင် ရုပ်ရှင်ထဲက စာသားလေးတွေ ကိုလည်း  ကြည့်ရတယ်။ အခု မြန်မာနိုင်ငံမှာ ကလည်း အဆိုတော်တွေ က ကိုယ့်ဟာ ကိုယ်ရေးပြီး ဖန်တီးကြတယ်။ ကိုယ်တိုင်ရေး၊ ကိုယ်တိုင် ဆိုတယ်။ အဲဒါ အရမ်းမိုက်တယ်။ သဘောလည်း ကျတယ်။ ကိုယ်တိုင်ရေး ကိုလည်း ပိုအားရတယ်။ ပိုပိုရဲ့ ဒုတိယ တေးစီးရီးကို ပရိသတ်အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်နေပါတယ် ဟု ပိုပိုက ပြောသည်။ ပိုပိုသည် ဒုတိယ တေးစီးရီးကို စီစဉ်နေ ပြီး ရှိုးပွဲများကိုလည်း သီဆိုဖြစ်နေကြောင်း ပြောသည်။

No comments:

Post a Comment

back to top