Ce Ci မဂ္ဂဇင်း၏ နှစ်(၂၀) ပြည့်အထူးထုတ်တွင် အဆိုတော် ဆူဇီ
မျက်နှာဖုံးရှင်အဖြစ် ဓာတ်ပုံရိုက်ကူး
တောင်ကိုရီးယား နိုင်ငံ၏ နာမည်ကြီး အဆိုအဖွဲ့ ဖြစ်သော Miss A အဖွဲ့မှ ချစ်စရာကောင်း သည့်အဆိုတော်မလေး ဆူဇီသည် Ce Ci မဂ္ဂဇင်း၏ နှစ် (၂ဝ) ပြည့် အထူးထုတ်တွင် မျက်နှာဖုံးရှင် အဖြစ် ဓာတ်ပုံ ရိုက်ကူးပေး ခဲ့ကြောင်း သိရသည်။ Ce Ci မဂ္ဂဇင်း၏ နှစ် (၂ဝ)ပြည့် အောက်တိုဘာလထုတ် အထူးထုတ်တွင် ၄င်းမဂ္ဂဇင်းမှ တာဝန်ရှိ သူများက ဆူဇီအား အလွန်လှပသော မင်းသမီးလေး အသွင် ဖန်တီး၍ မျက်နှာဖုံး ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ Ce Ci မဂ္ဂဇင်း ဓာတ်ပုံများတွင် ဆူဇီက ဆွဲဆောင်မှု ရှိပြီး ချစ်စရာကောင်းသော အပြုံးများဖြင့် ပရိသတ်များကို ညှို့ယူ ဖမ်းစားနိုင်ရန် ကြိုးစား ရိုက်ကူးထားကြောင်း သိရသည်။
No comments:
Post a Comment