Monday, September 22, 2014

ပရိသတ်အားပေးမှုကြောင့် တာဝန်ပိုကြီးလာတယ်ဆိုတဲ့ ပြေတီဦး

ပရိသတ်အသိအမှတ် ပြုအားပေးသည့် ဇာတ်ကားများ  လာသည်နှင့်အမျှ ထပ်မံရိုက်ကူး မည့် ဇာတ်ကားရွေးချယ်မှုအ တွက် တာဝန်ပိုကြီးလာကြောင်း ပြေတီဦးက ဆိုသည်။ ‘‘ပရိသတ်အသိအမှတ်ပြုခဲ့ တဲ့ကားများလာပြီဆိုတော့ ရှေ့ လျှောက် ကားဖြစ်ရင်ပြီးရောဆိုပြီးရိုက်လို့ အဆင်မပြေဘူး။ တစ်ကားပြီး တစ်ကားအပေါ်မှာ ပရိသတ်ရဲ့ စိတ်ဝင်စားမှုများလာပြီဆိုတော့ ကျွန်တော်တို့မှာ တာဝန်တွေပိုကြီး လာပြီ။ အောင်မြင်လာတာနဲ့ အမျှအဲဒီကားတွေကိုမီအောင်ဆိုတဲ့ ဖိစီးမှုတွေရှိလာတယ်’’ဟု ၎င်းက ပြော သည်။
ထို့ကြောင့် ဇာတ်ကားများ ရိုက်ကူးရာတွင် အချိန်ပေး၍ ရွေး ချယ်ဖြစ်ပြီး စိတ်တိုင်းကျဇာတ် ဖြစ်မှသာ ရိုက်ကူးသွားရန် အစီ အစဉ်ရှိသောကြောင့် ယခုနှစ်အ တွင်း ရုပ်ရှင်တစ်ကားမှ မရိုက် ကူးဖြစ်ကြောင်း ၎င်းက ဆိုသည်။ ‘‘ဒီနှစ်ထဲမှာတော့ ရိုက်ဖြစ် မှာမဟုတ်ဘူး။ အခုမှဇာတ်ရလို့ စပြင်ဆင်ရမယ်ဆိုတော့ ဇာတ် ညွှန်းခွဲတာနဲ့ဆိုရင် ၂၀၁၅ ထဲကို ရောက်မှာပဲ’’ဟု ရုပ်ရှင်ရိုက်ကူးမှု နှင့်ပတ်သက်၍ ပြေတီဦးက ပြော သည်။
ယင်းဇာတ်ကားကို ဒါရိုက် တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ရိုက်ကူးမည်ဖြစ်ပြီး ပါဝင်မည့် ဇာတ်ဆောင်များမှာ  အတိအကျမသိရသေးကြောင်း ၎င်းက ဆို သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေး ချယ်ရေးအဖွဲ့မှ ထုတ်ပြန်ထား သော   ဆန်ခါတင်ရုပ်ရှင်ကား စာရင်းတွင်    ၎င်းပါဝင် သရုပ် ဆောင်ထား သည့် နင်စေရင်နှင့် အဖြူရောင်ရဲတိုက်ဇာတ်ကားနှစ် ကားပါဝင်သော်လည်း အကယ် ဒမီဆုသည် ကံနှင့်လည်းဆိုင် သောကြောင့် မမျှော်လင့်ရဲကြောင်းပြေတီဦးက ပြောသည်။

 

No comments:

Post a Comment

back to top