ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နင်းကြမ်းကျေးရွာ (အမက)တွင် ဗလာစာအုပ်များ လှူဒါန်း
*********************************************************
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရခိုင်ရိုးကြီး ကျေးရွာအုပ်စု နင်းကြမ်းကျေးရွာ (အမက)စာသင်ကျောင်းသို့ ကျောင်းသုံးဗလာစာအုပ် ၂၈ ဒါဇင်ကို စက်တင်ဘာ ၂၇ ရက်က ဒုတိယအကြိမ်အဖြစ် သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ လှူဒါန်းပွဲတွင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးသူရဇော်၊ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးစိန်သန်း၊ ရပ်ကျေးကော်မတီဝင် ဦးညွှန့်စိန်၊ ဦးခင်စိုးတို့က ကျောင်းအုပ်ဆရာကြီး ဦးကြာသိန်းထံ ဗလာစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းအကျိုး တော်ဆောင်အဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားကျောင်းသူ ၇၁ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment