အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် ပြည်ခိုင်ဖြိုးပါတီနှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း အမကကျောင်းမှ ဆင်းရဲနွမ်းပါး ကျောင်းသားကျောင်း သူများအား ကျောင်းဝတ်စုံများ ထောက်ပံ့လှူဒါန်း
*************************************************************
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီ စည်းရုံးရေးမှူး ဒေါ်ခင်လှမိနှင့် စည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မော်မော်အောင်နှင့် မြို့နယ်အမှုဆောင် ကော်မတီဝင်များသည် ယခုလ ၂၀ ရက် မွန်းလွဲ ၁ နာရီ က အောင်မေတ္တာရပ်ကွက် အစိုးရ မူလတန်းကျောင်း၌ ဆင်းရဲနွမ်းပါး ကျောင်းသားကျောင်းသူများအား ထောက်ပံ့ လှူဒါန်းပွဲ ပြုလုပ်ခဲ့ကြသည်။
ဆင်းရဲနွမ်းပါး ကျောင်းသားကျောင်းသူများအား ထောက်ပံ့လှူဒါန်းစဉ်
လှူဒါန်းပွဲတွင် အောင်မေတ္တာရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သူငယ်တန်းမှ စတုတ္တတန်းအထိ ကျားခြောက်ဦး၊ မလေးဦး စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၀ ဦးတို့၏ ကျောင်းဝတ်စုံများအတွက် တန်ဖိုးငွေကျပ် ၃၂၀၀၀ ကိုလည်းကောင်း၊ မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းက ကျောင်းဝင်းထရံ ကာရံရန် သံဆန်ခါဆစ်လိပ်တန်ဖိုးငွေကျပ် ၃၅၀၀၀ ကိုလည်းကောင်း လှူဒါန်းကြသည်။
လှူဒါန်းမှုများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနှင့် ကျောင်းကော်မတီဝင်များ၊ ကျောင်း သား ကျောင်းသူများက လက်ခံယူခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment