Monday, September 29, 2014

တောင်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး သင်တန်းများ ဖွင့်လှစ်
*************************************************************
တောင်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေး ဆင့်ပွားသင်တန်းများကို ယခုလ ၂၄ ရက်တွင် (၄/၂၀၁၄) ဖွင့်ပွဲ အခမ်းအနားကို နံနက် ၉ နာရီတွင် ကျောက်တလုံးမြို့ကြီးမြို့နယ်ခွဲ ထီလုံရပ်ကွက်ဓမ္မာရုံ၌ လည်းကောင်း၊ (၃/၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် နောင်ပစ်ကျေးရွာ အုပ်စု နောင်ပစ်ဓမ္မာရုံ၌ လည်းကောင်းကျင်းပခဲ့သည်။

ရှေးဦးစွာ ဗဟိုပါတီကော်မတီဝင် ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းဇော်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြည်နယ်ပါတီကော်မတီဝင် ဒေါ်ဝါဝါထွေး က ရှင်းလင်းပြောကြားပြီး ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

အဆိုပါအခမ်းအနားများသို့ ဗဟိုပါတီကော်မတီဝင် ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းဇော်ဇော် နှင့် အတူ ပြည်နယ် ပါတီကော်မတီဝင်များ၊ တောင်ကြီးမြို့နယ် ပါတီကော်မတီဝင်များ၊ စည်းရုံးရေးမှူးများနှင့် အမှုဆောင်များ၊ ကျောက် တလုံးကြီးမြို့နယ်ခွဲတွင် သင်တန်းသား ၄၂ ဦးနှင့်အတူ အင်အား ၅၀၊ နောင်ပစ်ကျေးရွာအုပ်စုတွင် သင်တန်းသားသင်တန်းသူ ၃၅ ဦးနှင့်အတူ အင်အား ၄၅ ဦး တက်ရောက်ပြီး သင်တန်းများကို ယခုလ ၂၄ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top