Wednesday, September 24, 2014

တရုတ်အာဆီယံ ကုန်စည်ပြပွဲ မြန်မာနိုင်ငံမှ အကောင်းဆုံးဆု သုံးဆုရရှိ

(၁၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နန်နင်ြး မို့၌ စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၃၄၁ ဦး သွားရောက်ခဲ့ပြီး ကုမ္ပဏီ စုစုပေါင်း ၁၂၅ ခုတို့က ကုန်စည်ပြခန်း ၈၄ ခန်း ပြသခဲ့သည်။

အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ကုန်ပစ္စည်းအမယ်များ ခင်းကျင်းမှုအကောင်းဆုံးဆု (11 CAEXPO Best Galleria of Brands)  ဆု၊ နှစ်လိုဖွယ်မြို့ပြခန်းဆောင် အကောင်းဆုံးဆု (11th CAEXPO Best City of Charm Pavilion) နှင့် ပြပွဲပြသသူများ စုစည်းနိုင်မှု အကောင်းဆုံးဆု (11th CAEXPO Best Exhibitor OrGANIZER) များ ရရှိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top