Wednesday, September 24, 2014

ဥရောပ စူပါမစ်ဒယ်လ်ဝိတ်တန်း ချန်ပီယံ ခါးပတ် ဗြိတိန် လက်ဝှေ့ကျော် ဂျော့ဂရပ်ဖ် ဆွတ်ခူး


ဗြိတိန် နိုင်ငံမှ လက်ဝှေ့ကျော် ဂျော့ဂရပ်ဖ်သည် ဝင်ဘလေကွင်း၌ စက်တင်ဘာ ၂ဝ ရက်က ယှဉ်ပြိုင် ထိုးသတ် ခဲ့သော ဥရောပ စူပါ မစ်ဒယ်လ် ဝိတ်တန်း လက်ဝှေ့ချန်ပီယံ ခါးပတ်လုပွဲ တွင် ပြင်သစ်နိုင်ငံမှ လက်ဝှေ့ကျော် ခရစ္စတို ဖာရီဘရက်စ်ကို အနိုင် ထိုးသတ်ပြီး ချန်ပီယံ ခါးပတ် ဆွတ်ခူးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ဝှေ့ ပွဲစဉ်တွင် အသက်၂၆ နှစ် အရွယ်ရှိ ဂရပ်ဖ်သည် ရီဘရက်စ်ကို ဒိုင်အဆုံး အဖြတ် အမှတ် (၁၁၈-၁၁ဝ)၊ (၁၁၇-၁၁၁) မှတ်ဖြင့် အနိုင် ရရှိခြင်း ဖြစ်သည်။ ရီဘရက်စ်သည် အလွန်သန်မာသည့် ယှဉ်ပြိုင်ဘက်ကောင်းတစ်ဦး ဖြစ်သည့်အတွက် မိမိ အနေဖြင့် ယင်းပြိုင်ပွဲတွင် ချန်ပီယံ ခါးပတ် ဆု ဆွတ်ခူးနိုင်ရန် အလွန် ကြိုးပမ်း ထိုးသတ် ခဲ့ရကြောင်း ဂရပ်ဖ်က ပြောကြားသည်။ လက်ဝှေ့ကျော် ဂရပ်ဖ်သည် လက်ဝှေ့ပွဲ ၂၂  ပွဲ ထိုးသတ် ထားရာတွင် ပွဲပေါင်း ၂ဝ အနိုင် ရရှိထားကြောင်း သိရ သည်။



No comments:

Post a Comment

back to top