Wednesday, September 24, 2014

အမျိုးသမီး ၆၃ ကီလိုတန်း ဂျူဒို အားကစားပြိုင်ပွဲတွင် တောင်ကိုရီးယား နိုင်ငံမှ ဂျူဒို အားကစား မယ် ရွှေတံဆိပ် ဆု ဆွတ်ခူး

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ရှိ ဒိုဝန်အားကစားရုံ၌ စက်တင်ဘာ ၂၁ ရက်က ကျင်းပသော (၁၇) ကြိမ်မြောက်အာရှ အားကစား ပွဲတော်၏ အမျိုးသမီး ၆၃ ကီလိုတန်း ဂျူဒို အားကစားပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံမှ ဂျူဒို အားကစား မယ် ဂျောင်ဒါဝန်က ရွှေတံဆိပ်ဆု ဆွတ်ခူး ရရှိကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ဂျောင်ဒါဝန်သည် တရုတ်နိုင်ငံမှ ဂျူဒို အားကစားမယ် ယန်ကျန်ရှာကို အနိုင် ရရှိပြီး နိုင်ငံ၏ ပထမဆုံး ဂျူဒို ပြိုင်ပွဲ အတွက် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။ အလားတူ ယင်းနိုင်ငံမှ ဂျူဒို အိုလံပစ် ချန်ပီယံ ကင်ဂျေးဘမ်သည် အဆိုပါ အားကစား ပြိုင်ပွဲ၏ အမျိုးသား ၈၁ ကီလိုတန်း ဂျူဒို အားကစား ပြိုင်ပွဲတွင် လက်ဘနွန် နိုင်ငံမှ နာဆစ်ဖ် အဲလစ်ကို အနိုင်ရရှိ၍ ရွှေတံဆိပ်ဆု ဆွတ်ခူး ခဲ့ကြောင်း သိရသည်။ ကင်သည် ၂ဝ၁ဝ ပြည့်နှစ် အတွင်းက ကွမ်ကျို့မြို့၌ ကျင်းပသော အာရှ အားကစား ပြိုင်ပွဲ၏ ဂျူဒိုအားကစား ပြိုင်ပွဲတွင်လည်း ရွှေ တံဆိပ်ဆု ဆွတ်ခူး ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top