Sunday, September 21, 2014

အခွန်ရုံးကို မီးရှို့ ဖျက်ဆီးခဲ့သည့် ဆန္ဒပြသူများကို တရားစွဲဆို မည်ဟု ပြင်သစ် ဝန်ကြီးချုပ် ပြောကြား 

ပြင်သစ်နိုင်ငံတွင် လူနေမှု အဆင့်အတန်း နိမ့်ကျမှုအပေါ် ဆန္ဒပြသည့် အနေဖြင့် လမ်းမများပေါ်၌ အသီးအရွက်များကို စွန့်ပစ်၍ အခွန်နှင့် အာမခံ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သည့်  ဘရစ်တနီဒေသမှ လယ်သမားများကို တရားစွဲဆို သွားမည် ဖြစ်ကြောင်း ပြင်သစ် ဝန်ကြီးချုပ် မန်နူရယ်လ်ဗောလ်စ်က စက်တင်ဘာ ၂ဝ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ဆန္ဒပြမှုများသည် မောလေ့မြို့ အနောက်မြောက်ပိုင်းတွင် စက်တင်ဘာ ၁၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းဆန္ဒပြပွဲ အတွင်း ဖြစ်ပွားခဲ့သော ဆူပူမှုနှင့် ပတ်သက်၍ ဗောလ်စ်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။ ဆန္ဒပြသူများသည် အခွန်ရုံးကို မီးရှို့ပြီးနောက် မီးငြိမ်းသတ်ရန် ကြိုးပမ်းခဲ့သည့် မီးသတ်သမားများကို ပိတ်ဆို့ရန် ကြိုးပမ်းခဲ့ကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများအား အရေးယူမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ထို့အပြင် အခွန်ရုံး အဆောက်အအုံသို့ မီးသတ်ကား ရောက်ရှိသွားချိန်တွင် လယ်သမားများက မီးသတ်သမား များကို ဂေါ်ဖီထုပ်များဖြင့်   ပစ်ပေါက်ခဲ့ကြကြောင်း မျက်မြင်သက်သေ တစ်ဦးက  ပြောကြား ခဲ့သည်။ ၎င်းဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့်  လယ်သမားများ အနက် တစ်စုံတစ်ဦးကိုမျှ အာဏာပိုင်များက   ဖမ်းဆီးထားခြင်း မရှိသေးပေ။ ဆန္ဒပြသူများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အခွန်ရုံးနှင့်  MSA   စိုက်ပျိုးရေး ဆိုင်ရာ အာမခံ ဆောက်အအုံတို့မှာ ပျက်စီးခဲ့ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top