Monday, September 22, 2014

အီဘိုလာရောဂါ ကူးစက်မှုသည် ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတယ် လို့ ပြောကြားလိုက်သည့် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ

အနောက်အာဖရိကနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကပ်ဆိုးဟာ နိုင်ငံတကာငြိမ်း ချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အရာတစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်ထားပါသည်။ အီဘိုလာရောဂါ ကူးစက် နှုန်းဟာ သုံးပတ် တိုင်းမှာ ၂ဆမြင့်တက်လျက် ရှိနေခဲ့တယ်လို့ အရေး ပေါ်အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးချက် ထုတ်ပြန် လိုက်ပါသည်။
အရေးပေါ် စီမံရေးဆိုင်ရာ ကုလသမဂ္ဂအထူးအဖွဲ့အစည်းဟာ အီဘိုလာရောဂါ ဖြစ်ပွားနှုန်းကို တားဆီးနိုင်ဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နဲ့ လက်တွဲလုပ်ဆောင်နေတာဖြစ်သလို နောက်တစ်ပတ်မှာ ထိပ်သီးအစည်းအဝေးကိုလည်း ကျင်းပဦးမှာဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်း က ပြောကြားလိုက်သည်။
အနောက်အာဖရိကနိုင်ငံတွေမှာ ၂ဆမြှင့်တက်လျက်ရှိနေတဲ့ ဒီရောဂါပြန့်ပွား ကူးစက်မှုကို တိုက်ဖျက် ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ရောဂါတိုက်ဖျက်ရေးတွေကို သုံးဆလောက် မြှင့်တင် လုပ်ဆောင် သင့်တယ်လို့ ကောင်စီက ထုတ်ပြ န်ထားပါသည်။ အီဘိုလာရောဂါ ကူးစက်နှုန်းကိုသာ ထိန်းချုပ်နိုင်ခဲ့ မယ်ဆိုရင်လည်း ယခင်ရပ်တည်မှုမျိုး ပြန်လည်ရရှိနိုင်ဖို့ အဆပေါင်း(၂၀)လောက် ထပ်တိုး ကြိုးစားရမှာဖြစ်တယ်လို့လည်း ကောင်စီအဖွဲ့ဝင်တွေက ပြောကြား ထားသည်။

No comments:

Post a Comment

back to top