ပြည်သူ့လိုအပ်ချက်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး
***********************************************************
လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဌေးဝင်း လယ်ဝေးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူး ဦးသိန်းတိုးနှင့် မြို့နယ်ကော်မတီအဖွဲ့သည် စက်တင်ဘာ (၂၇) ရက်က အောင်သာကျေးရွာ အုပ်စုဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းက လွှတ်တော် အတွေ့အကြုံများအား ရှင်းလင်း ဆွေးနွေးခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း ဒေသခံများနှင့် တွေ့ဆုံစဉ်
ထို့နောက် ဒေသခံပြည်သူများမှ မိမိတို့ဒေသတွင် အမြန်လမ်းဧရိယာအတွင်း ပါဝင်သွားသော လယ်ယာမြေများ နစ်နာကြေးရှိရေး ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး သန့်ရှင်းသော သောက်သုံးရေရှိရေး လိုအပ်ချက်များအား တင်ပြရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က မိမိအနေဖြင့် ကူညီ ဆောင်ရွက်ပေးနိုင်မှု အခြေအနေများအားရှင်း လင်းတင်ပြခဲ့သည်။
ထို့နောက် အမြန်လမ်းဧရိယာအတွင်း under pass များ ဆောင်ရွက်ထားရှိမှု ကုန်ထုတ်လမ်း များ ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည်ရှုခဲ့ကြောင်း သိရသည်။
No comments:
Post a Comment