ဖြိုးစေတနာ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ (၂) သုံးခွမြို့နယ်တွင် ကွင်းဆင်းဆေး ကုသ
*****************************************************************
ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဦးဆောင်မှုဖြင့် ဖြိုးစေတနာ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ (၂)သည် ယခုလ ၂၅ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ သုံးခွမြို့နယ် ရှမ်းစုကျေးရွာကျောင်းကြီး ဘုန်းတော်ကြီးကျောင်းတွင် မိဘပြည်သူ ၂၄၂ ဦး အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ဗလာစာအုပ်များ လှူဒါန်းစဉ်
ဆေးကုသရာသို့ တောင်ပိုင်းခရိုင် ပါတီကော်မတီဝင် ဒေါ်ကေသီဝင်း၊ ဦးအောင်ကျော်မင်း၊ ဦးမြင့်လှိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါကြီးကြပ် ဆောင်ရွက်ခဲ့ပြီး ကျေးရွာရပ်မိရပ်ဖများ၊ စည်းရုံးရေးမှူးနှင့် အမှုဆောင်အဖွဲ့များ၊ ပါတီဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ ကြသည်။
ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်စဉ်
ဆေးကုသနေစဉ်အတွင်း ကျေးရွာသူရွာသားများအား၊ ခရိုင်ကော်အတီဝင်များက ဖြိုးစေတနာ နယ်လှည့် ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့များ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ အကြောင်းကို လည်းကောင်း၊ ပါတီ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ပါတီမှ ထုတ်ဝေသော "ရှေ့ဆောင်" ဂျာနယ်များအား ဝေငှပေးခဲ့သည်။
၎င်းနောက် ရှမ်းစုကျေးရွာ မူလတန်းလွန်ကျောင်း၊ ရေပေါ်ကန်ကျေးရွာ အလယ်တန်းကျောင်း၊ နံယောကျေးရွာ မူလတန်းကျောင်းများသို့ သွားရောက်ကာ ဗလာစာအုပ်များ လှူဒါန်းခြင်း၊ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment