ပါတီဝင်များ အရည်အချင်းမြှင့်တင်ရေး သင်တန်းများဖွင့်လှစ်ပေး
*********************************************
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းတိုက်နယ်၊ နတ်ကျွန်းကျေးရွာတွင် စက်တင်ဘာ (၂၇) ရက် နံနက်(၀၈၃၀)နာရီအချိန်က ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၃/၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
နတ်ကျွန်းကျေးရွာ ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေး ဆင့်ပွားသင်တန်း (၃/၂၀၁၄) ဖွင့်လှစ်စဉ်
အခမ်းအနားကို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခွန်မင်းမင်းထွန်းမှ ကြီးမှူးဖွင့်လှစ်ပေးခဲ့ပြီး၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခွန်မင်းမင်းထွန်းနှင့် ကော်မတီဝင်များ၊ နတ်ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ပါတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား/သူများ စုစုပေါင်း အင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment