Tuesday, September 16, 2014

အကယ်ဒမီအတွက်နာမည် ထွက်ရင်ပိုကြောက်တယ်ဆိုတဲ့ ဝတ်မှုန်ရွှေရည်

 ၂၀၀၄၊ ၂၀၀၅ မှာ ဓာတ်ပုံတွေစရိုက်ပြီး၂၀၀၈ နှစ် ကုန်ခါနီးမှာ ဇာတ်ကားတွေ စရိုက်ဖြစ်ကာ အနုပညာသက်တမ်း ၆ နှစ်အတွင်းမှာ ၂၀၁၃အကယ်ဒမီတွက် ပရိသတ်တွေရော၊ အနုပညာ အသိုင်းအ၀ိုင်းကပါ ထင်ကြေးပေး နာမည်ထွက်နေသူကတော့ နင်စေရင်ကားမှာ ခပ်ဟော့ဟော့နဲ့ ပရိသတ်အကြိုက် သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ ၀တ်မှုန်ရွှေရည်ပါပဲ။ သူမရဲ့ အနုအရွ ခပ်ကြမ်းကြမ်းနဲ့ ခပ်ရမ်းရမ်း သရုပ်ဆောင်ဟန်တွေဟာဖြင့် ကြည့်ရှုသူ ပရိသတ်ကို အပြည့်အ၀ ဖမ်းစားနိုင်တဲ့အပြင် အကယ်ဒမီ၁ ကြိုပြေးနေခဲ့တဲ့ ၀တ်မှုန်ရွေရည်နဲ့ ရှုတင်မှာတွေ့ဆုံခိုက် အကယ်ဒမီရင်ခုန်သံအကြောင်း မေးမြန်းကြည့်တော့ “အကယ်ဒမီကတော့ အမှန်အတိုင်းပြောရင် ကစ်လဲ မမျှော်လင့်ထားပါဘူး။ မျှော်လဲ မမျှော်လင့်ရဲဘူး။ ရရင်တော့ လိုချင်တယ်။ အတိုင်းထက် အလွန်ပေါ့။ အဓိက က ကစ်ရဲ့ပရိသတ်တွေက ရစေချင်ကြတဲ့အတွက် အတိုင်းမသိပါပဲ။ အဲ့ဒါလေးကတော့ ပျော်ဖို့ကောင်းပါတယ်။ ခုကတည်းက ရင်ခုန်နေကြတော့လေ။ ကိုယ်ကလဲ အရမ်းကြီး မမျှော်လင့်ရဲဘူး။ မျှော်လင့်ပြီး ဖြစ်မလာရင် အရမ်းကြီး ခံစားရမှာစိုးလို့လေ။ တခြားဇာတ်ကားတွေလဲ ရှိပါသေးတယ်။ ကစ်က နာမည်အရမ်းထွက်ရင် ကြောက်တယ်။ အဲ့လိုဆို ကိုယ်ကပိုပြီး မမျှော်လင့်ရဲဘူး။ အကယ်ဒမီဆိုတာတော့ ကြိုးစားမှုရဲ့ရလာဒ်ပေါ့။ အနုပညာသမားတိုင်း လိုလိုလိုချင်မှာပဲ။ ကိုယ်တိုင်ဘယ်လောက်ထိကြိုးစားခဲ့ရလဲ ။ ကိုယ်တိုင် ဒီဇာတ်လမ်းအပေါ်မှာ ဘယ်လောက်ထိ စိတ်နှစ်ခဲ့ရလဲ။ ကြိုးစားမှုရဲ့ရလာဒ်တော့ လိုချင်တာပေါ့နော်။ ဒါကလဲ ဆုတံဆိပ်တစ်ခုပဲလေ။ အနုပညာသမားတိုင်းတွက် အထွဋ်အမြတ်တစ်ခုပဲပေါ့။”လို့ သူမက ပြောပါတယ်။ ၀တ်မှုန်ရွှေရည်ဟာ ခုလက်ရှိ အနီရောင်ပုံရိပ်ဆိုတဲ့ ဇာတ်ကားမှာ မင်းသား အောင်ရဲလင်းနဲ့အတူ သရုပ်ဆောင်နေတယ်လို့ သိရပြီး ဒါရိုက်တာကတော့ နေပိုင်ပါတဲ့။

No comments:

Post a Comment

back to top