Tuesday, September 16, 2014

ငိုရခက်နေတဲ့ မင်းသမီး


The Sign of Love ဇာတ်လမ်းတွဲဖြင့် လူကြိုက်များလာသည့် သရုပ်ဆောင် ၀င့်ရမုံလှိုင်က ငိုရသည့်သရုပ်ဆောင်ခန်းများအတွက် အခက်အခဲရှိနေဆဲဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ 'ကိုယ်နဲ့အတွေ့အကြုံမရှိသေးတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရမယ်ဆိုရင် အခက်အခဲတွေရှိတယ်။
အထူးသဖြင့် ငိုရတဲ့အခန်းဆိုရင် စိတ်ဖိစီးမှုများတော့ မလုပ်နိုင်မှာ စိုးရိမ်တယ်'ဟု ၀င့်ရမုံလှိုင်က ပြောပြသည်။ ဇာတ်လမ်းတွဲများ၊ ဗီဒီယိုများ ရိုက်ကူးရာတွင် ၀ါရင့်သရုပ်ဆောင်များနှင့် တွဲဖက် သရုပ်ဆောင်ရသည်မှာ အဆင်ပြေပြီး ပညာရသည်ဟု ဆိုသည်။ 'ဥပမာ ကိုယ်ကတော့ ဒီဇာတ်လမ်းမှာ ဒီလိုမျိုးလေး သရုပ်ဆောင်မယ်လို့တွေးထားပေမယ့် အစမ်းလေ့ကျင့်တဲ့အခါကျရင် ညီမ သရုပ်ဆောင်ရမယ့်နေရာမှာ ၀ါရင့်သရုပ်ဆောင်တွေ သရုပ်ဆောင်ပြတော့ ပိုကောင်းသွားတယ်။ အဲဒီလိုမျိုးတွေဆိုတော့ ၀ါရင့်သရုပ်ဆောင်တွေနဲ့တွဲပြီး သရုပ်ဆောင်ရတဲ့ အခါ သူတို့ကသင်ပေးပြီးတွဲခေါ်တော့ အဆင်လည်းပြေတယ်။ ပညာလည်းရတယ်'ဟု၎င်းကပြောသည်။

သို့ရာတွင်သရုပ်ဆောင်အခက်အခဲမည်မျှပင်ရှိစေကာမူမိမိအားယုံကြည်သဖြင့် ပေးအပ်လာသည့် တာဝန်ဖြစ်သည့်အတွက် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း ၀င့်ရမုံလှိုင်က ဆိုသည်။ 'ညီမဆို အရမ်းဝါရင့်တဲ့ သရုပ်ဆောင်လည်းမဟုတ်တဲ့အပြင် သရုပ်ဆောင်သင်တန်းတွေဘာတွေလည်း မတက်ခဲ့ရတော့ သရုပ်ဆောင်ရတဲ့အပိုင်းမှာအခက်အခဲလေးတွေ ရှိတာပေါ။့ ဒါပေမဲ့ ညီမ ကိုယုံကြည်လို့ပေးအပ်လာတဲ့အလုပ်ဆိုရင်တော့ အကောင်းဆုံးလုပ်သွားမှာပါ'ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ၀င့်ရမုံလှိုင်အနေဖြင့် ရုပ်ရှင်ကားနှစ်ကားနှင့် ဗီဒီယိုနှစ်ကား ရိုက်ကူးထား ကြောင်း သိရသည်။

No comments:

Post a Comment

back to top