စင်ကာပူမှာ ကေပေါ့ပ်ဖျော်ဖြေပွဲကြည့်မယ့် နန်းမြတ်ဖြိုးသင်း
စင်ကာပူနိုင်ငံတွင် ပြု လုပ်မည့် ကေပေါ့ပ်ရှိုးကြည့်သည့် အစီအစဉ်အပါအ၀င် Let's Go ပရိုဂရမ်ရိုက်ကူးရန် စက်တင်ဘာ ၁၃ ရက်တွင် စင်ကာပူနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နန်း မြတ်ဖြိုးသင်းက ပြောသည်။ ‘‘နန်းမြတ်တို့ရဲ့ ခရီးစဉ်မှာ ကေပေါ့ပ်ရှိုး ပါမယ်။ ပြီးတော့ စင်ကာပူနိုင်ငံထဲက အထင်ကရ နေရာတွေမှာလည်း ရိုက်မယ်။ အင်ဒိုနီးရှား ဘာလီကျွန်းလည်း ပါမယ်’’ ဟု ၎င်းကပြောသည်။ ကေပေါ့ပ်ရှိုးဖျော်ဖြေပွဲကို စက်တင်ဘာ ၁၄ ရက်တွင် ကြည့် ရှုမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ စက် တင်ဘာ ၁၈ ရက်တွင် ပြန်လည် ရောက်ရှိမည်ဟု ၎င်းကဆိုသည်။
‘‘ကေပေါ့ပ်ဖျော်ဖြေပွဲကို ကြည့်ဖို့အတွက် ရင်ခုန်ပါတယ်။ သူငယ်ချင်းတွေနဲ့ အတူတူ ကြည့် ရမှာဆိုတော့ ပျော်လည်းပျော် တယ်။ ကေပေါ့ပ်အဖွဲ့တွေမှာ 2NE1 လည်း ကြိုက်တယ်။ BIG BAND လည်း ကြိုက်တယ်’’ ဟု ၎င်းကပြောသည်။ ယင်းခရီးစဉ်သည် Let's Go ပရိုဂရမ်၏ ဒုတိယပြည်ပခရီးစဉ် ဖြစ်ပြီး ပထမဆုံးပြည်ပခရီးစဉ် ကို ကမ္ဘာ့ဖလားကျင်းပသည့် ဘရာဇီးနိုင်ငံသို့ သွားရောက်ရိုက် ကူးခဲ့သည်။ လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် Friend အမ် တီဗီကို ဆက်တိုက်ရိုက်ကူးလျက် ရှိပြီး အမြန်ဆုံထွက်ရှိနိုင်ရန် ကြိုး စားနေကြောင်း နန်းမြတ်ဖြိုးသင်း က ပြောသည်။
No comments:
Post a Comment