အာဖရိက နိုင်ငံများတွင် အီဘိုလာ ရောဂါပိုးကြောင့် သုံးရက်အတွင်း ၈၄ ဦးသေဆုံး
အနောက် အာဖရိကရှိ အီဘိုလာ ရောဂါပိုး ကူးစက်ပျံ့နှံ့လျက် ရှိသောဆီယာရာလီယွန်၊ လိုက်ဘေးရီးယား၊
ဂီနီနှင့်နိုင်ဂျီးရီးယား နိုင်ငံများတွင် သုံးရက်အတွင်း အီဘိုလာရောဂါပိုး
ကူးစက်ခံရသူ ၁၁၃ ဦးရှိပြီး ၎င်းတို့အနက် ၈၄ ဦး သေဆုံးခဲ့ကြောင်း
ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောကြားခဲ့သည်။
ထို့အပြင် အနောက်အာဖရိက နိုင်ငံများတွင်
အီဘိုလာ ရောဂါကြောင့် သေဆုံးသူမှာ ယခုအခါ ၁၁၂၉ ဦးမှ ၂၂၄ဝ ဦးအထိ
မြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ
ဖာဒယ်လာချာအစ်ဘ် က ပြောကြားခဲ့ သည်။ အဆိုပါ ရောဂါပိုး ထပ်မံပြန့်ပွားမှု
မရှိစေရန် ကာကွယ်မှု တစ်ရပ် အနေဖြင့် ယင်းနိုင်ငံများတွင် ရောဂါပိုး ကူးစက်
ခံရသည့် ဒေသများအား သီးခြားဇုန်အဖြစ် ထားရှိထားကြောင်း သိရသည်။
အီဘိုလာရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို
ထိန်းချုပ်ရန် အတွက် လိုအပ်သည့် ဆောင်ရွက်ချက်များကို ယင်းနိုင်ငံများက
လုပ်ဆောင်လျက် ရှိပြီး ရောဂါပိုး ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အတွက် အကူအညီ
များစွာ လိုအပ်ကြောင်း ချာအစ်ဘ်က ပြောကြား ခဲ့သည်။
No comments:
Post a Comment