Monday, September 22, 2014

စိုင်းစိုင်းကို ကျော်သွားတဲ့ ၀တ်မှုန်ရွှေရည်

ပြီးခဲ့သော ရက်သတ္တပတ်က ပြည်တွင်းရှိ ဖေ့စ်ဘွတ်ခ် အသုံးပြုသူများ Likeလုပ်သူ အရေအတွက် အများဆုံး အနုပညာရှင်များစာရင်းတွင် စိုင်းစိုင်းခမ်းလှိုင်က ပထမနေရာ ရရှိခဲ့သော်လည်း ၀တ်မှုန်ရွှေရည်က ကျော်တက်ကာ Like အများဆုံးဆုရသူ ထိပ်ဆုံးသို့ ရောက်ရှိသွားသည်။
ယခင်ကတည်းက ၀တ်မှုန်ရွှေရည်၏ Fan Page တွင် Like လုပ်သူအရေအတွက် ခုနစ်သိန်းကျော် ခဲ့သော်လည်း အဆိုပါစာရင်းတွင် ပါဝင်ခြင်းမရှိခဲ့ဘဲ ယခုရက်မှသာ ပါဝင်ခဲ့ခြင်းဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်ထက် Like လုပ်သူအရေအတွက် နှစ်သောင်းကျော်များကာ ပထမနေရာ ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းစာရင်းမှာ မြန်မာနိုင်ငံ တွင်းမှ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများ ၏ Like ပြုလုပ်ထားသည့် အရေအတွက် စာရင်းကို ညွှန်ပြသည့် စာရင်းဖြစ်သည်။ ပြည်တွင်းမှ အနုပညာရှင်များသာမက ကမ္ဘာကျော် အနုပညာရှင်များဖြစ်သည့် ဂျနီဖာလိုပက်ဇ်၊ တေလာဆွဇ်၊ ဂျက်ကီချန်း၊ ဂျပ်စတင်ဘီဘာတို့ ပါဝင်သလို နာမည်ကျော်ဂီတအဖွဲ့များဖြစ်သည့် One Direction ၊ 2NE1 အဖွဲ့တို့လည်း ပါဝင်ကာ ကိုရီးယား သရုပ်ဆောင် လီမင်ဟိုလည်း ပါဝင်သည်။
ပြည်ပ အနုပညာရှင်များ၏ Fan အရေအတွက်များမှာ သန်း နှင့်ချီသော်လည်း ပြည်တွင်းပရိသတ်များ Like လုပ်ထားသည့်အရေအတွက်မှာ နည်းသောကြောင့် မြန်မာအနုပညာရှင်များက  ပရိသတ် အများဆုံးနေရာတွင် ရပ်တည်နေသည်။

No comments:

Post a Comment

back to top