မုံရွာမြို့တွင်ကျင်းပသော ပတ္တမြား FM-R oad Show ပွဲတွင် တေသံရှင်ချမ်းချမ်း မွေးနေ့ပွဲကိုပရိသတ်နှင့်အတူကျင်းပ
ပရိတ်အချစ်အဆိုတော်တေးသံရှင်ချမ်းချမ်း၏မွေးနေ့ကို စက်တင်လာလ
၁၄ ရက်နေ့က မုံရွာမြို့ မြစန္ဒာခန်းမ၌ ညနေ ၃နာရီမှ ၅နာရီ အတွင်းကျင်းပသော ပတ္တမြား
FM-Road Showပွဲ၌ မုံရွာဝန်းကျင်တေးချစ် ပရိသတ်များနှင့်အတူကျင်းပခဲ့သည်။ တေးသံရှင်ချမ်းချမ်း၏
မွေးနေ့ပွဲကို တေးသံရှင်အားတီ၊ သားသားနှင့် ပတ္တမြား FMအစီအစဉ်တင်ဆက်သူဖိုးပြည့်တို့နှင့်အတူ
မွေးနေ့ကိတ်ကိုလှီးကာပရိသတ်များ၏ မွေးနေ့ဆုမွန် သံပြိုင်သီချင်းဖြင့်တပျော်တပါးကျင်းပခဲ့သည်။
မုံရွာမြို့တွင်ကျင်းပသော ပတ္တမြား FM-Road Show ပွဲတွင် တေးသံရှင်ချမ်းချမ်း၊ အားတီနှင့်သားသားတို့က
တေးသံသာများ မသီဆိုမီ ပရိသတ်များကို ပတ္တမြားFM ရေဒီယိုတေးသီးချင်း ဒီဗွီဒီခွေပြက္ခဒိန်ပေါ်၌
လက်မှတ်များရေးထိုးပေးကာ အဆိုပါ ဒီဗွီဒီခွေဝယ်ယူအားပေးသူများထဲမှ Samsaung Tab တစ်လုံး၊
နာရီ စသည့်ကံစမ်းမဲများနှိုက်၍ ပရိသတ်များအားချီးမြှင့်ခဲ့သည်။
ပတ္တမြား
FM-Road Show မန္တလေးမြို့တွင် စက်တင်ဘာလ ၁၃ရက်က Sky Walk Shopping Mall ၌လည်းကောင်း၊
စက်တင်ဘာလ ၁၄ရက်တွင် မုံရွာမြို့ မြစန္ဒာခန်းမ၌လည်းကောင်း၊ လာမည့်ပတ္တမြား FM ငါးနှစ်ပြည့်နှစ်ပတ်လည်ပွဲအပြီး
အောက်တိုဘာ ၄ ရက်တွင်မြစ်ကြီးနားမြို့ City Parl Royal Restaurantတွင် နံနက် ၁၀ နာရီမှ
မွန်းတည့် ၁၂ နာရီအထိကျင်းပမည်ဖြစ်သည်။ မြစ်ကြီးနားမြို့ကချင်စစ်ဘေးဒုက္ခသည်များအတွက်အလှူငွေနှင့်
အဝတ်အထည်များလှူဒါန်းပွဲကို အောက်တိုဘာ ၅ ရက်တွင်ကျင်းပမည်ဖြစ်ပြီး
နှစ်စဉ်အောက်တိုဘာ ၁ ရက် ပတ္တမြား FM နှစ်ပတ်လည်တိုင်းပြုလုပ်သည့် မြန်မာတစ်နိုင်ငံလုံးရှိ
မျက်မမြင်ကျောင်းများသို့ Audio Book အလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment