Talent ပြိုင်ပွဲမှာရွေးချယ်မယ့် ပြိုင်ပွဲဝင်သုံးယောက်ဟာ အလိုအလျောက် Top Ten မှာပါဝင်ရမှာဆိုတော့ Talent ဆု ကိုတော့လိုချင်ပါတယ်လို့ဆိုတဲ့ ဝိုင်းလေး
Talent ရှိုးပြိုင်ပွဲမှာ ပြိုင်ပွဲဝင် နံပါတ်(၅)ဝိုင်းလေးက
စန္ဒရားတီးကာ ကိုယ်ပိုင်သံစဉ်တေးသီချင်းနှင့် ယှဉ်ပြိုင်ခြင်းအပေါ် အားရကျေးနပ်မှုရှိသဖြင့်
Talent ဆုကိုလိုချင်ကြောင်းပြောသည်။
" ဆုအတွက် မှန်းထားလားဆိုတော့ Talent
ဆုတော့ရချင်တယ်။ ဒီပွဲမှာ Talent ရှိုးပါတာကြိုသိတော့ အဲဒီအတွက်ကောင်းကောင်းပြင်ဆင်မှုတွေလုပ်ထားတယ်။
ပြိုင်ပွဲဝင် ၁၉ ရောက်က ထူးထူးခြားခြားနဲ့ ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ထားကြတယ်။ ဝိုင်းလေးတောင်
အကောင်းဆုံးလုပ်နိုင်ခဲ့ပေမယ့် ကိုယ်တောင်ရပါမလား လို့ ဆိုပြီး စိုးရိမ်ရလောက်အောင် သူတို့လဲတော်ကြတယ်။
အကောင်းဆုံး သုံးယောက်ကို ဘယ်လိုရွေးချယ်ကြမလဲတော့ မသိဘူး။ Talent ဆုကိုရချင်တာပါ
" ဟု Talent ပြိုင်ပွဲယှဉ်ပြိုင်ခဲ့ ပုံနဲပတ်သတ်၍ ဝိုင်းလေးကပြောသည်။
ကိုယ်ပိုင်သံစဉ်တေးသီချင်းနှင့် စန္ဒရားတီးခတ်ကာ
Talent ပြိုင်ပွဲ၌ ယှဉ်ပြိုင်ရာ ကျေနယ်မှုရှိခဲ့ကြောင်း၊ တေးသီချင်း မသီဆိုခင် မိုးသီချင်းကြီးအတီးပုဒါကို
ထည့်သွင်းတီးခတ်ပြသခဲ့ပြီး မြန်မာသံစဉ်ရော၊ ယခုခေတ် မြူစစ်ပုံစံရောဖျော်ဖြေနိုင်ခဲ့သည့်အတွက်
Talent ပွဲမှာယုံကြည်မှုအပြည့် ရှိခဲ့ကြောင်း သူကဆိုသည်။
" အိမ်မက်ဆုံရာတုန်းက စောင်းတီးပြီးသီချင်းဆိုခဲ့တယ်။
စန္ဒရားကအနောက်တိုင်းတေးဂီတဖြစ်ပေမယ့် ဒါကိုမြန်မာသံစဉ်နဲ့ရောပြီးတီးခတ်လိုက်မယ်ဆိုရင်
ပြည့်စုံတဲ့ တေးဂီတတေးသီချင်း တစ်ပုဒ်ဖြစ်သွားမယ်လို့ ယုံကြည်တယ်။ ဒါကြောင့် မြန်မာသံစဉ်သီးချင်းကို
လဲရောပြီးတီးပြခဲ့ပါတယ် "ဟု ဝိုင်းလေးက ယှဉ်ပြိုင်ခဲ့သည့် ကိုယ်ပိုင်သံစဉ်တေးသီချင်းနှင့်ပတ်သက်၍ပြောသည်။
No comments:
Post a Comment