Wednesday, September 17, 2014

Miss America အလှမယ် အဖြစ် ကီရာကာဇန်ဆက်ဗ် ရွေးချယ်ခံရ



၂ဝ၁၅ ခုနှစ်၏ Miss America အလှမယ် ရွေးချယ်ပွဲအား အတ္တလန္တိတ် စီးတီးမြို့ရှိ  Boardwalk  ခန်းမတွင်စက်တင်ဘာ ၁၄ ရက် ညပိုင်းက ကျင်းပခဲ့ရာ နယူးယောက် ပြည်နယ်မှ  အလှမယ် ကီရာကာဇန်ဆက်ဗ်က အဆိုပါ အလှမယ်ဘွဲ့ကို  ဆွတ်ခူး သွားခဲ့ကြောင်း သိရသည်။
အလှမယ် ပြိုင်ပွဲ၏ အရည်အချင်းစစ် ပြိုင်ပွဲ ကျင်းပနေစဉ် အတွင်း ကာဇန်ဆက်ဗ်သည်  အဆိုတော် ဖာရယ်လ်ဝီလျံ၏ နာမည်ကြီး သီချင်းဖြစ်သည့် Happy တေးသီချင်းကို ပြိုင်ပွဲ စင်မြင့်ထက်တွင် တင်ပျဉ်ခွေ ထိုင်ကာ ခံစားချက် အပြည့်ဖြင့် သီဆို ယှဉ်ပြိုင်ခဲ့သည်။
မေးခွန်းများကို ဖြေကြားရာတွင်လည်း ကာဇန်ဆက်ဗ်က လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ပပျောက်အောင် ဆောင်ရွက် နိုင် သည့် အမေရိကန် အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်ရန် ဆန္ဒရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ ယခင်နှစ်က Miss America အဖြစ် ရွေးချယ်ခံရသော အလှမယ် နီနာဒါဗာလူရီက ကာဇန်ဆက်ဗ်အား အလှမယ် သရဖူကို ဆောင်းပေး ခဲ့ကြောင်း သိရသည်။   

No comments:

Post a Comment

back to top