Friday, September 19, 2014

အမှတ်တရ ပ၀ါရောင်းမယ့် ၀တ်မှုန်ရွှေရည်

ဝတ်မှုန်ရွှေရည်၏ ပရိသတ်များအတွက် အမှတ်တရ ခေါင်းအုံးလေးများ ရောင်းချပေး ခဲ့ပြီး   ထပ်မံ ထုတ်လုပ်ရောင်းချ မည့် ပ၀ါလေးများကို မိတ်ဆက် သည့်အနေဖြင့်    Myanmar Event Park ၌ ပြုလုပ်သော MFDG ဖက်ရှင်ရှိုးတွင် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။ စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက် နှစ်တိုင်တိုင် ရောင်းချ ပေးသွားမည်ဖြစ်ပြီး ၀တ်မှုန်ရွှေ ရည်၏ Portfolio စာအုပ်လေးနှင့်Pillow Kit   လေးများကိုလည်း ယင်းနေရာတွင်   ၀ယ်ယူရရှိနိုင် ရန် စီစဉ်ထားသည်ဟု   ၎င်းက ပြောသည်။
အဆိုပါ အမှတ်တရပစ္စည်း သုံးမျိုးဝယ်ယူသည့် သူများအ တွက် ၀တ်မှုန်ရွှေရည်၏ Coll−ection Logo ပါသည့်  ခွက်က လေးများကို   အမှတ်တရလက် ဆောင်ပေးရန်     အစီအစဉ်ရှိ ကြောင်း ၀တ်မှုန်ရွှေရည်၏ အမှတ်တရပစ္စည်းများ ထုတ်လုပ်ရောင်း ချသည့် Cool Fancy Shop မှ သ တင်းရရှိသည်။
ဝတ်မှုန်ရွှေရည် အမှတ်တရ ပစ္စည်းများ    ရောင်းချခြင်းကို သြဂုတ်လကုန်ပိုင်းတွင်   စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအနေဖြင့် ၎င်း၏ပုံရေးဆွဲထားသော ခေါင်းအုံးလေးများကို အရေအတွက် အကန့်အသတ်ဖြင့် ရောင်းချပေးခဲ့သည်။ ယင်းအစီအစဉ်ပြုလုပ်ရန် သြဂုတ် ၁၀ ရက်တွင် ကျရောက်ခဲ့သော ၀တ်မှုန်ရွှေရည်၏ မွေးနေ့တွင် ကြေညာခဲ့ခြင်းဖြစ်ပြီး မွေးနေ့သို့ တက်ရောက်လာသော ၎င်း၏Fan များအား  အမှတ်တရလက် ဆောင်အနေဖြင့် ပထမဆုံးထုတ်လုပ်သည့်   ခေါင်းအုံးများ  လက် ဆောင်ပေးခဲ့သည်။

 

No comments:

Post a Comment

back to top