Wednesday, October 1, 2014

မေတ္တာတံတားအလှူရှင် သဉ္ဇာနွယ်ဝင်း

မိခင်၏ မွေးရပ်မြေ အင်းလေးတွင် လှူဒါန်းထားသော တံတားသည် ပရိသတ်များ၏ အားပေးမှုကြောင့် ရရှိလာသည့် အနုပညာကြေးဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်သောကြောင့် ‘‘မေတ္တာတံ တား’’ဟု အမည်ပေးထားကြောင်း သဉ္ဇာနွယ်ဝင်းက ပြောသည်။
‘‘ဇာတ်ကားဆယ်ကားရိုက် ပြီးရင် တစ်ကားစာ အနုပညာ ကြေးကို အလှူလုပ်ဖို့ဆိုပြီး အမြဲ တမ်းဖယ်ထားဖြစ်တယ်။ ကြုံရင် ကြုံတဲ့နေရာမှာလည်း လှူဖြစ် တယ်။ ဒီတစ်ခါတော့ အမေက အင်းထဲမှာ      တံတားတစ်ခု ဆောက်ဖို့ရှိတယ်။ လှူလည်း လှူချင်တယ်လို့ ပြောတာကြောင့် အနုပညာကြေးနဲ့ဆောက်ဖြစ်တာ ပါ။ ဒီအနုပညာကြေးဆိုတာက လည်း ပရိသတ်အားပေးမှု ကြောင့် ရတာဆိုတော့ တံတား နာမည်ကို မေတ္တာတံတားလို့ ပေး ထားတယ်’’ ဟု ၎င်းကပြောသည်။ ယင်းတံတားကို အင်းလေး ငါးဖယ်ချောင်းဘုန်းကြီးကျောင်း အနီးတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ် ပြီး စက်တင်ဘာ ၂၅ ရက်က အင်းလေးသို့ ကိုယ်တိုင်သွားကာ ရေစက်ချလှူဒါန်းခဲ့သည်ဟု ၎င်းက ပြောသည်။အနုပညာလှုပ်ရှားမှုများ အနေဖြင့်    ဗီဒီယိုဇာတ်ကားများ ဆက်တိုက်ရိုက်ကူးလျက်ရှိပြီး စက်တင်ဘာလကုန်ပိုင်းတွင် မြင့် မြတ်နှင့် ဗီဒီယိုဇာတ်ကားရိုက်ကူး ရန် အစီအစဉ်ရှိကြောင်း သဉ္ဇာ နွယ်ဝင်းက ပြောသည်။

No comments:

Post a Comment

back to top