အာဖဂန်နစ္စတန် သမ္မတ ကိုယ်စားလှယ်လောင်း နှစ်ဦး ပေါင်းစည်းရေး အစိုးရ ဖွဲ့စည်းရန် သဘောတူညီ
အာဖဂန်နစ္စတန် နိုင်ငံမှ သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း နှစ်ဦးဖြစ်သော အာရှရက်ဖ်ဂါနီ
အာမက်ဇာအီနှင့် အဗ္ဗဒူလာ အဗ္ဗဒူလာ တို့သည် ရက်သတ္တပတ်ပေါင်း များစွာကြာ
ဖြစ်ပေါ်နေသည့် မတိုးသာ မဆုတ်သာ နိုင်ငံရေး အခြေ အနေကို အဆုံး
သတ်ခဲ့ပြီးနောက် အမျိုးသားပေါင်းစည်းရေး အစိုးရအဖွဲ့အား ဖွဲ့စည်းရေးနှင့်
စပ်လျဉ်း၍ သဘောတူညီချက် တစ်ရပ် လက်မှတ်ရေး ထိုးရန် သဘောတူညီခဲ့ကြောင်း
နိုင်ငံပိုင် သတင်းဌာန တစ်ခုက ထုတ်ပြန်ခဲ့ သည်။
ဒေါက်တာ
အဗ္ဗဒူလာနှင့် ဒေါက်တာဂါနီတို့သည် သမ္မတ နန်းတော်တွင် ကျင်းပ ခဲ့သော
တွေ့ဆုံ ပွဲတစ်ခုအတွင်း အမျိုးသား ပေါင်းစည်းရေး အစိုးရ ဖွဲ့စည်းရန်
သဘော တူညီခဲ့ခြင်း ဖြစ်ကြောင်း Tolo TV သတင်း ဌာနက ထုတ်ပြန်ခဲ့သည်။
ထို့ပြင်
ယင်းသဘော တူညီချက် လက်မှတ် ရေးထိုးမှုကို အာဖဂန်သမ္မတ နန်းတော်တွင်
ကျင်းပသွား မည်ဖြစ်ပြီး ၎င်းအခမ်း အနားသို့ မကြာမီရာထူးမှ ထွက်ခွာတော့မည့် သမ္မတ
ဟာမစ်ကာဇိုင်း၊ အာဖဂန် အဆင့်မြင့် အရာရှိများနှင့် ဂျီဟတ်ဒ်ခေါင်းဆောင်
များလည်း တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။
အာဖဂန်နစ္စတန်
နိုင်ငံတွင် တာလီဘန် အစိုးရပြုတ်ကျပြီးချိန်မှစ၍ တတိယ အကြိမ်မြောက် သမ္မတ
ရွေးကောက်ပွဲ ကို ဧပြီ ၅ ရက်က ကျင်းပခဲ့သော်လည်း ကိုယ်စားလှယ်လောင်း
ရှစ်ဦးမှာ ထောက်ခံမဲ ၅ဝ ရာခိုင်နှုန်းကျော် မရရှိခဲ့သောကြောင့်
ထောက်ခံမဲအများဆုံး ရရှိခဲ့သည့် ကိုယ်စားလှယ်လောင်း နှစ်ဦးက ဇွန် ၁၄
ရက်တွင် တစ်ကျော့ပြန် သမ္မတ ရွေးကောက်ပွဲ ထပ်မံ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ရွေးကောက်ပွဲ၏ နောက်ဆုံး ရလဒ်များကို လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၂၁ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။
No comments:
Post a Comment