Tuesday, September 30, 2014

ဂျိမ်းစ်ဘွန်း ဇာတ်ကားသစ်တွင် ရီဟန်းနား ဧည့်သည် သရုပ်ဆောင် အဖြစ်ပါဝင်မည်


နာမည်ကြီး ရုပ်ရှင် ဇာတ်ကားဖြစ်သည့် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဇာတ်ကား၏ ၂၄ ကားမြောက် ရုပ်ရှင် ဇာတ်ကားသစ်တွင် အဆိုတော် ရီဟန်းနားသည်ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။ ရီဟန်းနားသည် ဂျိမ်းစ်ဘွန်းရုပ်ရှင် ဇာတ်ကားများ၏ ပင်တိုင် ပရိသတ်ဖြစ်ပြီး ၄င်းဇာတ်ကား များတွင် ပါဝင် သရုပ်ဆောင်ရန် ဆန္ဒရှိခဲ့ကြောင်း ၄င်း၏ အတွင်းသိ တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။ ရီဟန်းနား ကိုယ်တိုင်ကလည်း ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခွင့် ရရှိသည့် အတွက် ပျော်ရွှင်မိကြောင်း ပြောကြားခဲ့သည်။၂၄ ကားမြောက် ဂျိမ်းစ်ဘွန်း ရုပ်ရှင် ဇာတ်ကားသစ်ကို နာမည်ကြီး ဒါရိုက်တာ ဆမ်မန် ဒက်စ်က ရိုက်ကူး သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top