အကြိမ်(၄၀)မြောက် ရိုင်ဒါဖလားကို ဥရောပအသင်းက ဆက်လက် ရယူနိုင်သည့်အတွက် ဂုဏ်ယူစရာပါပဲလို့ ကက်ပတိန် ပေါလ်မက်ဂင်လေ ပြောကြား
အကြိမ်(၄၀)မြောက် ရိုင်ဒါဖလားကို ဥရောပအသင်းက ဆက်လက် ရယူနိုင်တာဟာ အားလုံးအတွက် ဂုဏ်ယူစရာပါပဲ လို့ အသင်း ကက်ပတိန် ပေါလ်မက်ဂင်လေက ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့က စကော့တလန်နိုင်ငံ ဂလင်းအီးဂဲလ်မြို့မှာ ကျင်းပပြီးစီးတဲ့ ရိုင်ဒါဖလား ဂေါက်သီးရိုက်ပြိုင်ပွဲမှာ ဥရောပ အသင်းက အမေရိကန် အသင်းကို (၁၆)မှတ်ခွဲ၊ (၁၁)မှတ်ခွဲနဲ့ အနိုင်ရ ဗိုလ်စွဲသွားတာ ဖြစ်သည်။ ဥရောပအသင်း ကက်ပတိန် ပေါလ်မက်ဂင်လေက "ပြိုင်ပွဲ မတိုင်ခင်မှာ ကတည်းက ကျွန်တော်တို့ အနိုင်ရ မယ်လို့ ရေပန်းစားခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အဲဒီ ဖိအားတွေနဲ့ ကစားခဲ့ ရတာပါ။
မက်အီရွိုင်းဆိုလည်း ကမ္ဘာ့နံပါတ်(၁)ဆိုတာက သူ့အတွက် ဖိအား ဖြစ်နေပါတယ်။ အဲဒီကျော်ကြားမှု ဖိအားတွေကို ကျွန်တော်တို့ ဘယ်လို ကျော်လွှားမလဲ ဆိုတာနဲ့ ပတ်သက်လို့ ဖာဂူဆန်က အကူအညီပေးခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းကို ဖာဂူဆန် မန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေက ကျွန်တော်တို့ အတွက် လမ်းညွှန်ချက်တွေ ဖြစ်ခဲ့ပါတယ်"လို့ ပြောပါတယ်။ ဥရောပ အသင်းသား တစ်ဦးဖြစ်တဲ့ ဂျေမီဒေါ်နယ် ဆင်ကလည်း "ကျွန်တော်တို့ အားလုံး ကက်ပတိန် ဦးဆောင်တဲ့အတိုင်း ညီညီညွတ်ညွတ် ကစား ကြလို့ အောင်ပွဲရ တာပါ။ အဓိကအချက်က အဲဒါပါပဲ"လို့ ပြောကြားခဲ့သည်။
No comments:
Post a Comment