Monday, September 29, 2014

ဟင်္သာစေတနာ အခမဲ့နယ်လှည့် ဆေးကုသရေးအဖွဲ့ နိဗ္ဗာန်ကျေးရွာတွင် ဆေး ကုသခြင်း လုပ်ငန်းများဆောင်ရွက်
***********************************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး နာယကအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းထားသည့် ဟင်္သာစေတနာ အခမဲ့နယ်လှည့်ဆေး ကုသရေးလုပ်ငန်းကို နိဗ္ဗာန်တိုက်နယ် နိဗ္ဗာန်ကျေးရွာ ကန်ကြီးဒေါင့် ဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီက ဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာ ဟင်္သာတခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ တိုးတိုး ဦးဆောင်ပြီး ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆရာဝန်ကြီးများနှင့် ဆရာဝန်များ၊ ပြင်ပမှ ဆရာဝန်များ၊ စုစုပေါင်း ၂၂ ဦး၊ သူနာပြုနှင့် အခြားဝန်းထမ်း ၂၂ ဦး၊ တိုင်းရင်းဆေးကုသရေးအဖွဲ့ ရှစ်ဦး စုစုပေါင်း ၅၂ ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လူနာ ၆၅၂ ဦးကို အခမဲ့ ကုသပေးခဲ့သည်။


ဟင်္သာစေတနာ အခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့ ဆေးကုသရာသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညွှန့်လှိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိမ်းစိုး၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ၁၂ ဦး၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ ၅၀၊ ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူး ၁၂၄ ဦး၊ ရပ်မိရပ်ဖများနှင့် ဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့ဝင် ၅၄ ဦးနှင့် အလှူရှင် ဦးအောင်မြတ်နှင့် ဇနီးမိသားစုတို့က ဆေးဝါး အပါအဝင် အလှူငွေကျပ် ၁၁ သိန်း လှူဒါန်းပြီး နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဆေးကု သပေးခဲ့ကြသည်။ လာရောက်ကုသသော လူနာနှင့် လူနာရှင်များကို ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ထမင်းထုပ်များ လှူဒါန်းကျွေးမွေး ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top