ဘီအီးဒီ ဘွဲ့ရ အလယ်တန်းပြများ အထက်တန်းပြ ဆရာများ အဖြစ် လျှောက်ထားနိုင်
ဝေးလံသော
ဒေသများရှိ အခြေခံပညာ အထက်တန်း ကျောင်းများ၌ အထက်တန်း ပြဆရာ၊ ဆရာမ ၄ဝဝ
ကျော် လိုအပ်လျက် ရှိသောကြောင့် လုပ်သက်အနည်း ငယ်ရှိသော ဘီအီးဒီဘွဲ့ရ
အလယ်တန်းပြ များအား ယခုနှစ်မှ စတင်၍ ရာထူးတိုး ခေါ်ယူလျက် ရှိကြောင်း ပညာရေး
စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ
ဘီအီးဒီ ဘွဲ့ရ အလယ်တန်းပြ ဆရာ၊ ဆရာမများကို ရာထူးတိုးမြှင့် ခေါ်ယူခြင်းသည်
ယခုနှစ် ပညာသင်နှစ်တွင် အချိန်မီ ဖြည့်ဆည်း ပေးနိုင်ရန် အတွက်
ခေါ်ယူခြင်းဖြစ်ပြီး လျှောက်ထားသူ များသည် နေရာဒေသ မရွေးသို့
သွားရောက်တာဝန် ထမ်းဆောင် နိုင်ရ မည်ဖြစ်သည်။
အဆိုပါ
လစ်လပ်လျက် ရှိသော အထက်တန်းပြ ရာထူးနေရာများ၌ လျှောက်ထားလိုသူများသည်
မိမိတို့ ရရှိထားသော ဘာသာ တွဲများနှင့် လစ်လပ်နေသော နေရာ၌ သင်ကြား ရမည့်
ဘာသာတွဲများမှာ ကိုက်ညီမှု ရှိရမည် ဖြစ်ကြောင်း သိရသည်။ ယခင်က ဘီအီးဒီ
ဘွဲ့လျှောက်ထားရာတွင် အလယ်တန်းပြ လုပ်သဗက် နှစ်နှစ်ရှိမှသာ လျှောက်ထားခွင့်
ရှိသည်။ ပညာရေး
ဝန်ကြီးဌာနမူ အရ ဘီအီးဒီ ဘွဲ့ရရှိထားသော အလယ်တန်းပြ ဆရာ၊ ဆရာမများသည်
ဝေးလံသော ဒေသများသို့ သွားရောက်၍ တာဝန်ထမ်းဆောင်ခြင်းများ မရှိပါက
မူလလုပ်သက် ၂၆နှစ်ကြာမှသာ ရာထူးတိုးမြှင့်ခွင့် ပြုထားကြောင်း သိရသည်။
No comments:
Post a Comment