Tuesday, September 16, 2014

နေတိုးက ယူကရိန်းကို လက်နက်များစတင် ထောက်ပံ့မည်


နေတိုးအဖွဲ့ဝင်နိုင်ငံများက ယူကရိန်းကို စစ်လက်နက်များ စတင်ထောက်ပံ့တော့မည်ဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး ဗာလာရီက အတည်ပြုပြော ကြားလိုက်သည်။ ယူကရိန်းနိုင်ငံမှ ခွဲထွက်ရေးတပ်ဖွဲ့များနှင့် အဆိုပါတပ်ဖွဲ့များကို ထောက်ပံ့နေသည်ဟု စွပ်စွဲခံထားရသော ရုရှားသမ္မတ ပူတင်၏ လုပ်ရပ် များကို ရပ်တန့်ရန်အတွက် နေတိုးက လက်နက်များ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းဗာလာရီကပြောကြား ခဲ့သည်။
ယခုလို နေတိုးအဖွဲ့ဝင်နိုင်ငံများက စစ်လက်နက်များ ထောက်ပံ့ရန်အတွက် နေတိုးအဖွဲ့ဝင် နိုင်ငံများနှင့် ယခုလ ၄ ရက်နှင့် ၅ ရက် တွင် ဝေးလ်နိုင်ငံ ၌ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဗာလာရီက သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ နေတိုးအဖွဲ့အနေဖြင့် အဖွဲ့ဝင်နိုင်ငံ မဟုတ်သော နိုင်ငံတစ်နိုင်ငံကို စစ်လက်နက်ထောက်ပံ့ခွင့် မရှိသော်လည်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်း အနေဖြင့်မူ အခြားနိုင်ငံတစ်နိုငငံကို လက်နက်ထောက် ပံ့နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ယခုလအစောပိုင်းတွင် ယ.ကရိန်းထိပ်တန်း အရာရှိများသည် အမေရိကန်နှင့် အပေါင်းပါနိုင်ငံများထံမှ စစ်လက်နက်နှင့် စစ်ရေးဆိုင်ရာ အကြံဥာဏ်များ ထောက်ပံ့မည့် ကတိက၀တ်များ ရရှိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
ကျွန်တော်သဘောတူညီမှုရရှိခဲ့ပါပြီ။ ဒီလက်နက်တွေဟာ ကျွန်တော်တို့လတ်တလော အမှန်တတယ် လိုအပ်နေတဲ့ လက်နက်တွေဖြစ်ပါတယ်။ ခွဲထွက်ရေးသမားတွေနဲ့ ၀င်ရောက်စွက်ဖက်သူတွေကို ရပ်တန့်ဖို့ပါ ဟု ဗာလာရီက ပြောကြားသည်။ ထို့အပြင် ယူကရိန်းနိုင်ငံအတွင်းရှိ ရုရှားစစ်သား ၃၅၀၀ ခန့် ရောက်ရှိနေကြောင်းနှင့် ယူကရိန်း-ရုရှားနယ်စပ်တွင်လည်း ရုရှားစစ်သား ၂၅၀၀၀ ခန့်ရှိနေကြောင်း ၎င်းက ပြောကြားသည်။ သို့သော် ရုရှားသမ္မတ ပူတင် က စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားသည်။

No comments:

Post a Comment

back to top