Tuesday, September 16, 2014

တရုတ်နိုင်ငံတွင် ဦးနှောက်၏ အကြီးဆုံး အစိတ်အပိုင်း မပါရှိသည့် အမျိုးသမီး တစ်ဦး ဆက်လက် အသက်ရှင်


တရုတ်နိုင်ငံတွင် အသက် ၂၄ နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦးသည် ၎င်း၏ဦးနှောက်အတွင်းရှိ အကြီးဆုံး အစိတ်အပိုင်း မပါရှိဘဲ  ဆက်လက်၍ အသက် ရှင်သန်လျက် ရှိကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် ဦးနှောက် အစိတ်အပိုင်း မပါရှိဘဲ မွေးဖွားလာသည်ကို တရုတ်နိုင်ငံ ရှန်တုန်းပြည်နယ်ရှိ ဆေးရုံတစ်ရုံက စမ်းသပ် တွေ့ ရှိခဲ့ခြင်း ဖြစ်ပြီး ဦးနှောက်၏ အကြီးဆုံး အစိတ်အပိုင်း ရှိရမည့်နေရာတွင် ခြင်ဆီရည် များဖြင့်သာ ပြည့်နေသည်ကို ကျွမ်းကျင် ပညာရှင်များက  တွေ့ရှိ ခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
၎င်းသည် အသက် ၆ နှစ်ထိတိုင် စကားပြောဆို နိုင်ခဲ့ခြင်း မရှိသည့်အပြင် အသက် ၇ နှစ်ထိ လမ်းလျှောက်နိုင်ခြင်း မရှိကြောင်း၊ အခြား ကလေးငယ်များကဲ့သို့  ခုန်ပေါက် ကစားနိုင်ခဲ့ခြင်း မရှိသလို  ယခုအချိန်ထိ အကူအညီ မပါဘဲ လမ်းလျှောက်နိုင်ခြင်း မရှိကြောင်း သိရသည်။
၎င်းသည် အကြားအာရုံ ကောင်းမွန်သော်လည်း စကားပြောဆိုရာတွင် အခက်အခဲ ရှိသူဖြစ်သည်။ ယင်းကဲ့သို့ ရှားပါးရောဂါဖြင့်  မွေးဖွားလာသူ အများစု သည် မွေးကင်းစ အရွယ်နှင့် လက်ထပ်သည့် အချိန်တို့တွင် သေဆုံးနိုင်ဖွယ် ရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်

No comments:

Post a Comment

back to top